Tuesday, July 7, 2020

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် နောက်ထပ်ထိပ်သီးအစည်းအဝေးပြုလုပ်ရန် ရည်ရွယ်ချက်မရှိကြောင်း ပြောကြား

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် နောက်ထပ်ထိပ်သီး အစည်းအဝေးပွဲပြုလုပ်ရန်ရည်ရွယ်ချက်မရှိတော့ကြောင်းနှင့် တောင်ကိုရီးယားနိုင်ငံအနေဖြင့် ဝင်ရောက်စွက်ဖက်ခြင်းကို ရပ်တန့်ရန် တိုက်တွန်းခဲ့ကြောင်းကို ဇူလိုင်လ ၇ ရက်နေ့တွင် အကြီးတန်းသံတမန်တစ်ဦးမှပြောကြားခဲ့ပါသည်။
ထိုအချိန်တွင် အမေရိကန်နိုင်ငံသံတမန်တစ်ဦးမှ မြောက်ကိုရီးယားနိုင်ငံ နျူကလီးယား အရေးနှင့်ပတ်သက်၍ဆွေးနွေးပွဲတက်ရောက်ရန် တောင်ကိုရီးယားသို့ သွားရောက်ခဲ့ ပါသည်။
မြောက်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမေရိကန်ရေးရာ ညွှန်ကြား ရေးမှူးချုပ် Kwon Jong Gun မှ မြောက်ကိုရီးယားနှင့် အမေရိကန်တို့အကြားရှိ ထိပ်သီးအစည်းအဝေးနှင့်ပတ်သက်ပြီး လွဲမှားစွာကောက်ချက်ခဲ့သည့် တောင်ကိုရီး ယားနိုင်ငံနိုင်ငံခြားရေးဝန်ကြီး Choe Son Hui အားစွပ်စွဲပြောဆိုခဲ့ပါသည်။
ကင်ဂျုံအမ်နှင့် ထရန့်ကြား ပြေလည်မှုရရှိရန် နိုဝင်ဘာလတွင်ပြုလုပ်မည့် အမေရိကန်နိုင်ငံရွေးကောက်ပွဲမတိုင်မီတွင် တွေ့ဆုံဆွေးနွေးသွားရန် တောင်ကိုရီး ယားနိုင်ငံမှ ကမ်းလှမ်းခဲ့ပြီးနောက်ရက်အနည်ငယ်အကြာတွင် မြောက်ကိုရီးယား နိုင်ငံအနေဖြင့် ဆွေးနွေးမှုအသစ်များလုပ်ဆောင်သွားရန်လိုအပ်ကြောင်း Choe မှ ပြော ကြားခဲ့ပါသည်။
အခြားနိုင်ငံမျာ၏အရေးဝင်ရောက်စွက်ဖက်နေခြင်းကို ရပ်တန့်ရန်အတွက် မြောက်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Kwon Jong Gun မှ KCNA သတင်းဌာန တွင် ပြောကြားခဲ့ပါသည်။
ပွင့်လင်းစွာပြောရမယ်ဆိုလျှင် အမေရိကန်ပြည်ထောင်စုနှင့် မျက်နှာချင်းဆိုင်ရန် ဆန္ဒမရှိတော့ကြောင်း ၎င်းမှပြောကြားခဲ့ပါသည်။
မြောက်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့သည် ၂၀၁၈ ခုနှစ်တွင် စင်္ကာပူတွင် ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံ နျူကလီးယားစီမံကိန်း ဆိုင်ရာှုအဆုံးသတ်ရန် မျှော်လင့်ချက်များမြှင့်တက်လာခဲ့ပါသည်။ သို့ရာတွင် ၂၀၁၉ ခုနှစ် ဗီယမ်နမ်တွင် ပြုလုပ်သည့် ဒုတိယအကြိမ်မြောက်ဆွေးနွေးမှုမှာ ပျက်ပြားခဲ့ရ ပါသည်။
မြောက်ကိုရီးယားနိုင်ငံအရေးဆွေးနွေးမှုကိုဦးဆောင်သူ အမေရိကန်နိုင်ငံနိုင်ငံ ခြားရေးဒုဝန်ကြီးသည့် တောင်ကိုရီးယားနိုင်ငံမှ အာဏာပိုင်များနှင့် ဆွေးနွေးရန် အတွက် ဇူလိုင်လ ၇ ရက်နေ့တွင်သွားရောက်ခဲ့ပါသည်။
>>Zawgyi<<
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် နောက်ထပ်ထိပ်သီးအစည်းအဝေးပြုလုပ်ရန် ရည်ရွယ်ချက်မရှိကြောင်း ပြောကြား
Tuesday, July 7, 2020
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် နောက်ထပ်ထိပ်သီး အစည်းအဝေးပွဲပြုလုပ်ရန်ရည်ရွယ်ချက်မရှိတော့ကြောင်းနှင့် တောင်ကိုရီးယားနိုင်ငံ အနေဖြင့် ဝင်ရောက်စွက်ဖက်ခြင်းကို ရပ်တန့်ရန် တိုက်တွန်းခဲ့ကြောင်း ကို ဇူလိုင်လ ၇ ရက်နေ့တွင် အကြီးတန်းသံတမန်တစ်ဦးမှပြောကြားခဲ့ပါသည်။ ထိုအချိန်တွင် အမေရိကန်နိုင်ငံသံတမန်တစ်ဦးမှ မြောက်ကိုရီးယားနိုင်ငံ နျူကလီးယား အရေးနှင့်ပတ်သက်၍ဆွေးနွေးပွဲတက်ရောက်ရန် တောင်ကိုရီးယားသို့ သွားရောက်ခဲ့ ပါသည်။
မြောက်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမေရိကန်ရေးရာ ညွှန်ကြား ရေးမှူးချုပ် Kwon Jong Gun မှ မြောက်ကိုရီးယားနှင့် အမေရိကန်တို့အကြားရှိ ထိပ်သီးအစည်းအဝေးနှင့်ပတ်သက်ပြီး လွဲမှားစွာကောက်ချက်ခဲ့သည့် တောင်ကိုရီး ယားနိုင်ငံနိုင်ငံခြားရေးဝန်ကြီး Choe Son Hui အားစွပ်စွဲပြောဆိုခဲ့ပါသည်။
ကင်ဂျုံအမ်နှင့် ထရန့်ကြား ပြေလည်မှုရရှိရန် နိုဝင်ဘာလတွင်ပြုလုပ်မည့် အမေရိကန်နိုင်ငံရွေးကောက်ပွဲမတိုင်မီတွင် တွေ့ဆုံဆွေးနွေးသွားရန် တောင်ကိုရီး ယားနိုင်ငံမှ ကမ်းလှမ်းခဲ့ပြီးနောက်ရက်အနည်ငယ်အကြာတွင် မြောက်ကိုရီးယား နိုင်ငံအနေဖြင့် ဆွေးနွေးမှုအသစ်များလုပ်ဆောင်သွားရန်လိုအပ်ကြောင်း Choe မှ ပြော ကြားခဲ့ပါသည်။
အခြားနိုင်ငံမျာ၏အရေးဝင်ရောက်စွက်ဖက်နေခြင်းကို ရပ်တန့်ရန်အတွက် မြောက်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Kwon Jong Gun မှ KCNA သတင်းဌာန တွင် ပြောကြားခဲ့ပါသည်။
ပွင့်လင်းစွာပြောရမယ်ဆိုလျှင် အမေရိကန်ပြည်ထောင်စုနှင့် မျက်နှာချင်းဆိုင်ရန် ဆန္ဒမရှိတော့ကြောင်း ၎င်းမှပြောကြားခဲ့ပါသည်။
မြောက်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့သည် ၂၀၁၈ ခုနှစ်တွင် စင်္ကာပူတွင် ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံ နျူကလီးယားစီမံကိန်း ဆိုင်ရာှုအဆုံးသတ်ရန် မျှော်လင့်ချက်များမြှင့်တက်လာခဲ့ပါသည်။ သို့ရာတွင် ၂၀၁၉ ခုနှစ် ဗီယမ်နမ်တွင် ပြုလုပ်သည့် ဒုတိယအကြိမ်မြောက်ဆွေးနွေးမှုမှာ ပျက်ပြားခဲ့ရ ပါသည်။
မြောက်ကိုရီးယားနိုင်ငံအရေးဆွေးနွေးမှုကိုဦးဆောင်သူ အမေရိကန်နိုင်ငံနိုင်ငံ ခြားရေးဒုဝန်ကြီးသည့် တောင်ကိုရီးယားနိုင်ငံမှ အာဏာပိုင်များနှင့် ဆွေးနွေးရန် အတွက် ဇူလိုင်လ ၇ ရက်နေ့တွင်သွားရောက်ခဲ့ပါသည်။

0 comments:

Post a Comment