Friday, July 10, 2020

ဇွဲကပင်တွင် ဒုတိယအကြိမ် အမျိုသား ၁ ဦး ထပ်မံ ပျောက်ဆုံးနေ၍ ကယ်ဆယ်ရေးအဖွဲ့များမှ ရှာဖွေနေ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇွဲကပင်တောင်ပေါ်မှ အမျိုးသား(၁)ဦး ခုန်ချမှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
"ဒီတခါတော့ ယောက်ျားလေးပါ … စာလဲရေးထားခဲ့ပါတယ် … ဆိုင်ကယ် လွယ်အိတ် သော့တွေ ဖုန်း PW တွေ ချန်ထားခဲ့ပါတယ် … ကျားကလေးရွာကလို့ သိရပြီး ဇွဲကပင်တောင်ကို ၁ဝ ရက်နေ့ နံနက် (၇)နာရီလောက်ကတက်သွားပြီး ခုချိန်ထိပြန်မဆင်း လာတော့ပဲ ပျောက်နေပါတယ် … အဖွဲ့စုံ ကယ်ဆယ်ရေးတွေ ထွက်သွားပါပြီး … " ဟု zin moe အကောင့်ပိုင်ရှင်က လူမှုကွန်ယက်တွင် ရေးသား ဖော်ပြထားပါသည်။
လက်ရှိတွင် အဆိုပါ အမျိုးသားအား ဘားအံခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ချက်အရ သိရပါသည်။
ဇွန်လ(၂၅)ရက်နေ့က ဇွဲကပင်တောင်တွင် အသက်(၂၀)အရွယ်ရှိသည့် တက္ကသိုယ်ကျောင်းသူတစ်ဦး တောင်တက်ရင်း ပျောက်ဆုံးခဲ့ပြီး ဇွန်လ(၂၇)ရက်နေ့ တွင် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
>>zawgyi<<

0 comments:

Post a Comment