
ဇူလိုင်လ ၁၄ ရက်နေ့ကအီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော် ( Cairo ) နှင့် အစ္စမိုင်လီယာ မြို့ ( Ismailia ) ကိုဖြတ်သွားတဲ့ သဲကန္တာရလမ်းကြီးနှင့်မလှမ်းမကမ်းမှာရှိသည့် Pertroleum Pipelines Company မှ ရေနံစိမ်းပိုက်လိုင်းပေါက်ကွဲမီးလောင်မှုကြောင့် လူပေါင်း ၂၀ ထက်မနည်းထိခိုက်ဒဏ်ရာရရှိပြီး အနီးအနားမှာရှိသည့် Car Showroom တစ်ခုမှရပ်ထားသည့်ကားများအပါအဝင် အစီးပေါင်း ၃၀ ထက်မနည်းမီးလောင်ဆုံးရှုံးခဲ့သည်ဟုသိရသည်။
ဒဏ်ရာရရှိသူတွေကိုတော့ Al-Samam ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး မီးသတ်ကားအစီးရေ ၁၈ စီးဖြင့်နာရီပေါင်းများစွာငြိမ်းသတ်ခဲ့ရတယ်လို့ဆိုပါတယ် ။
မီးလောင်မှုဖြစ်ပွားရသည့်အဓိကအကြောင်းအရင်းမှာ ယာဉ်အသွားအလာများပြားပြီး လမ်းတုန်ခါမှုကြောင့်ပိုက်လိုင်းမှာအက်ကြောင်းလိုက်လာပြီး ရုတ်တရက်ပေါက်ကွဲမီးလောင်မှုဖြစ်နိုင်ကြောင်းတာဝန်ရှိသူများကသုံးသပ်ခဲ့ပါတယ် ။
နည်းပညာနှင့်လုံခြုံရေးဆိုင်ရာကော်မတီအဖွဲ့မှပေါက်ကွဲမီးလောင်မှုအကြောင်းရင်းကိုအသေးစိတ်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရှိရသည် ။


Source - Si Thu Maung
0 comments:
Post a Comment