Sunday, July 19, 2020

အထက်တန်းကျောင်းသားများအား ကျောင်းသုံးပစ္စည်းများ အခမဲ့ပေးမည်

အခြေခံပညာအထက်တန်း ကျောင်းသားကျောင်းသူများအား ကျောင်းဖွင့်ချိန်တွင် ကျောင်းသုံးပစ္စည်းများကို ပညာရေးဝန်ကြီးဌာနက အခမဲ့ပေးမည်ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောသည်။
ယခင် ပညာသင်နှစ်များက အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများအားကျောင်း အပ်နှံရေး သီတင်းပတ်တွင် ပြဋ္ဌာန်းစာအုပ်တစ်စုံစီသာ အခမဲ့ပေးခဲ့ကြောင်း သိရှိရသည်။
ယခု ၂၀၂၀-၂၁ ပညာသင်နှစ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ်၌ ပြဋ္ဌာန်းစာအုပ်တစ်စုံ စီ၊ ပြန်လည်အသုံးပြုနိုင်သည့် နှာခေါင်းစည်း (Reused Mask) နှစ်ခု၊ မျက်နှာအကာ (Face Shield) တစ်ခုစီကို အခမဲ့ပေးခဲ့ပြီး ကျောင်းဖွင့်ချိန်တွင် ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံနှစ် ချောင်း၊ ဘောပင်နှစ်ချောင်းပါ အခမဲ့ပေးရန် စီစဉ်နေခြင်းဖြစ်သည်။
Social Distancing (ခပ်ခွာခွာနေထိုင်ခြင်း) လိုက်နာရန်အတွက် ကျောင်းတက်ချိန်ကို ပုံစံ လေးမျိုးဖြင့် သတ်မှတ်ဖွင့်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ် ထားသည်။
အခြေခံပညာအထက်တန်း အဆင့်အတန်းနှစ်တန်းကို ဇူလိုင် ၁၃ ရက်မှ ၁၇ ရက်အထိ ကျောင်း အပ်လက်ခံခဲ့ပြီး အထက်တန်းအဆင့် အတန်းနှစ်တန်းအတွက် ကျောင်းသားကျောင်းသူ ၁ ဒသမ ၆ သန်းခန့် ကျောင်းတက်ရောက်မည်ဟု ပညာရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။
crd-7daynews #Myanmar_Online_News
>>Zawgyi<<
အထက်တန်းကျောင်းသားများအား ကျောင်းသုံးပစ္စည်းများ အခမဲ့ပေးမည်
Sunday, July 19, 2020
အခြေခံပညာအထက်တန်း ကျောင်းသား ကျောင်းသူများအား ကျောင်းဖွင့်ချိန်တွင် ကျောင်းသုံးပစ္စည်းများကို ပညာရေးဝန်ကြီးဌာနက အခမဲ့ပေးမည် ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောသည်။
ယခင် ပညာသင်နှစ်များက အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများအားကျောင်း အပ်နှံရေး သီတင်းပတ်တွင် ပြဋ္ဌာန်းစာအုပ်တစ်စုံစီသာ အခမဲ့ပေးခဲ့ကြောင်း သိရှိရသည်။
ယခု ၂၀၂၀-၂၁ ပညာသင် နှစ်တွင် ကျောင်းအပ်နှံရေးသီ တင်းပတ်၌ ပြဋ္ဌာန်းစာအုပ်တစ်စုံ စီ၊ ပြန်လည်အသုံးပြုနိုင်သည့် နှာခေါင်းစည်း (Reused Mask) နှစ်ခု၊ မျက်နှာအကာ (Face Shield) တစ်ခုစီကို အခမဲ့ပေးခဲ့ ပြီး ကျောင်းဖွင့်ချိန်တွင် ဗလာ စာအုပ် တစ်ဒါဇင်၊ ခဲတံနှစ် ချောင်း၊ ဘောပင်နှစ်ချောင်းပါ အခမဲ့ပေးရန် စီစဉ်နေခြင်းဖြစ်သည်။
Social Distancing (ခပ်ခွာ ခွာနေထိုင်ခြင်း) လိုက်နာရန်အတွက် ကျောင်းတက်ချိန်ကို ပုံစံ လေးမျိုးဖြင့် သတ်မှတ်ဖွင့်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ် ထားသည်။
အခြေခံပညာအထက်တန်း အဆင့်အတန်းနှစ်တန်းကို ဇူလိုင် ၁၃ ရက်မှ ၁၇ ရက်အထိ ကျောင်း အပ်လက်ခံခဲ့ပြီး အထက်တန်းအဆင့် အတန်းနှစ်တန်းအတွက် ကျောင်းသားကျောင်းသူ ၁ ဒသမ ၆ သန်းခန့် ကျောင်းတက်ရောက် မည်ဟု ပညာရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။
crd-7daynews #Myanmar_Online_News

0 comments:

Post a Comment