Sunday, July 12, 2020

ဂေါ်ဖီ ၊ ပန်းဂေါ်ဖီ ဝယ်ယူမှုတွေရှိလာနေပေမယ့် တောင်သူတွေမျှော်မှန်းထားသလောက် ဈေးရရှိမှု နည်းနေသေး

လက်ရှိကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ်နေတဲ့ ကာလအတွင်း ရှမ်းပြည်နယ်အတွင်းလက်ရှိ ဂေါ်ဖီ ၊ ပန်းဂေါ် ဖီထွက်တဲ့ ရာသီမှာ ဈေးကွက်အတွင်း ဝယ်ယူမှုတွေရှိလာနေပေမယ့် တောင်သူတွေမျော်မှန်းထားသလောက် ဈေးရရှိမှု နည်းနေသေးတယ်လို့ တောင်သူအချို့ကပြောပါတယ်။
စိုက်ခင်းတွေထဲကထွက်ရှိလာတဲ့ ဂေါ်ဖီထုတ်တွေကို ပွဲရုံတွေက စိုက်ခင်းကထွက်ရှိသလောက် ပြန်သွင်းလို့ပွဲလက်ခံတာမျိုးတွေရှိပေမယ့် သီးနှံရဲ့ဈေးက ကိုဗစ်မတိုင်မီက ဈေးနှုန်းအတိုင်းပြန်လည်မရရှိသေးဘူးလို့ ရှမ်းပြည်နယ်တောင်ပိုင်းက တောင်သူတွေက ပြောပါတယ်။
“ ကျွန်တော်တို့သွင်းတဲ့ပွဲရုံတွေက အမြဲတမ်းသွင်းနေတယ်ဆိုတော့လက်ခံတယ် ထွက်သလောက်ပေါ့ ၊ ပွဲရုံတိုင်းတော့မတူဘူး၊သီးနှံဈေးတွေတော့ကျနေတာပါပဲ အရင်လောက်တော့မရဘူး ၊ တစ်သီးပဲစိုက်တဲ့သူတွေကျတော့ မကိုက်ဘူး၊ ကျွန်တော်တို့ကြတော့ ပန်းမုံလာဆိုရင်လဲ ရေရှိတော့နှစ်သုတ်လောက်စိုက်တယ် ၊ ပထ မတစ်သုတ်ရှုံးသွားရင် ဒုတိယတစ်သုတ်ပြန်ရရင်ကာမိတာပေါ့“လို့အောင်ပန်းမြို့က သီးနှံစိုက်တောင်သူ ခွန်ရဲဝင်းက ပြောပါတယ်။ ရေရှိရာအရပ်က စိုက်ခင်းပိုင်ရှင်တွေက တစ်နှစ်ကို နှစ်သီးစိုက်ပျိုးကြပေမယ့် မိုးရေကိုသာ အားကိုးနေရတဲ့စိုက်ခင်းပိုင်ရှင်တွေကျတော့ တစ်သီးပဲစိုက်ရလို့ သီးနှံအထွက်မကောင်းချိန်၊ သီးနှံဈေးတွေကျဆင်းနေရင်အဆင်မပြေတာမျိုးတွေကြုံနေရတယ်လို့ တောင်သူအချို့က ပြောပါတယ်။
ပန်းဂေါ်ဖီတွေကိုနှစ်ရက်ခြားတစ်ခါခုတ်ရတာကြောင့် ဈေးနှုန်းကလည်း တစ်ကြိမ်နဲ့တစ်ကြိမ် မတူတာမျိူးတွေနဲ့ကြုံနေရပေမယ့် ထွက်တဲ့ကုန်ချိန်အတိုင်း ဒိုင်တွေမှာသွင်းလို့ရနေသေးတယ်လို့ တောင်သူတစ်ဦးဖြစ်တဲ့မမိုးသူကပြောပါတယ်။
သူက“ တစ်အားကြီးအထွက်များတဲ့အချိန်ဆိုရင်တော့ ပြောရခက်တယ်၊ သူ့ပွဲစားကိုယ့်ပွဲစားရှိတယ် အချို့ကြတော့မယူတာလဲရှိတယ်၊ တစ်ချို့ကြတော့ ပွဲရုံတွေမှာမသွင်းတော့ပဲ သည်ကဈေးတွေမှာပဲရောင်းတာတွေလဲရှိတယ် မနက်ကနေညနေထိဝယ်သမားမရှိတာလဲရှိတယ် တစ်ယောက်နဲ့တစ်ယာက်မတူဘူး၊ တောင် သူတွေသတ်မှတ်ထားတဲ့ဈေးနှုန်းထားလောက်တော့မရသေးဘူး၊“ လို့ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းကထွက်တဲ့ သီးနှံတွေကို အောင်ပန်းမြို့ပွဲရုံတွေကတစ်ဆင့်မြန်မာပြည်အနှံ့အပြားက မြို့တွေကိုပြန်လည့်ဖြန့်ဝေရောင်းချနေကြရတာဖြစ်ပါတယ်။ ဂေါ်ဖီထုတ်၊ပန်းဂေါ်ဖီတွေကို ရန်ကုန်မြို့ကင်္သီးနှဲလက်ကားဈေးတွေကို ၁၀ဘီးကားကြီးတွေ၊၁၂ဘီးကားကြီးတွေနဲ့တင်ဆောင်ပြီး ဖြန့်ချီရောင်းချနေကြတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ စားသောက်ဆိုင်တွေ၊ဟော်တယ်တွေ ပြန်လည်ဖွင့်လာပြီဖြစ်လို့ အရောင်းအဝယ်ရှိနေကြကြပြီး၊ ပွဲရုံအချို့ကတော့ခြံပြတ်ဝယ်ယူတာမျိုးတွေရှိနေကြပြီး၊ အသီးအနှံတွေကိုကြည့်ပြီးမှ ဈေးဖြတ်တဲ့ပွဲရုံတွေလဲရှိတယ်လို့ တောင်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်ကတော့ ရှမ်းပြည်တောင်သူ တွေရဲ့ ဝယ်သူမရှိတဲ့ ဂေါ်ဖီထုတ် တွေကို အလှူရှင်တွေနဲ့ ကမ္ဗောဇဘဏ်ဥက္ကဌ၊တပ်မတော်စတဲ့အဖွဲ့တွေက တောင်သူတွေဆီကဝယ်ယူပြီး၊ ကားခ အကုန်ခံကာ ရန်ကုန်အရောက် သယ်ယူပြီး မြို့နယ်ကိုဗစ် ကော်မတီတွေနဲ့ ချိတ်ဆက်ပြီး အခြေခံမိသားစုတွေကို အခမဲ့ ဝေငှတာတွေရှိခဲ့ပါတယ်။ (၈)လပိုင်း၊(၉)လပိုင်းအချိန်မှာ ဂေါ်ဖီအများအပြားထွက်ရှိအချိန်မှာ ဈေးကွက်ပျက်မှာကိုတောင်သူအချို့ကလဲစိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ ရှမ်းတောင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်တရား တီကျစ် ဒေသ တွင်နှစ်စဉ် ရာသီမရွေး ဂေါ်ဖီထုတ်စိုက်နေတဲ့ဒေသတွေဖြစ်ကြပါတယ်။
Ref ; Kumudra

0 comments:

Post a Comment