Tuesday, July 7, 2020

တရုတ်တွင် အကျိတ်ထွက်သော ပလိပ်ရောဂါ သံသယလူနာတစ်ဦးတွေ့ရှိ

တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းပိုင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Bayannur မြို့တွင် အကျိတ်ထွက်သော ပလိပ်ရောဂါ သံသယလူနာတစ်ဦးတွေ့ရှိကြောင်း ဒေသအာဏာပိုင်များက တနင်္ဂနွေနေ့က ကြေညာသည်။
ထို့ကြောင့် ပလိပ်ရောဂါ ကာကွယ်ဟန့်တားရေးအတွက် တတိယအဆင့်သတိပေးချက်ကို Bayannur အာဏာပိုင်များမှ တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့ပြီး၊ ယင်းအမိန့်သည် ၂၀၂၀ပြည့်နှစ် နှစ်ကုန်အထိ တည်မည်ဖြစ်ကြောင်း အဆိုပါ ကော်မရှင်ကပြောသည်။
ဒေသနေပြည်သူများအနေဖြင့် မိမိကိုယ်မိမိကာကွယ်ရေးပြုလုပ်ကြရန်နှင့် သားကောင်များအားအမဲလိုက်၍ သတ်ဖြတ်စားသောက်ခြင်းမပြုကြရန်၊ လူလူချင်းကူးစက်မှုမဖြစ်ပွားရေးအတွက် ကြိုတင်ကာကွယ်ကြရန် မြူနီစီပယ်ကျန်းမာရေးကော်မရှင်က တိုက်တွန်းလျှက်ရှိသည်။
ဒေသနေပြည်သူတို့အနေဖြင့် ကြွက်များနာမကျန်းဖြစ်နေခြင်း(သို့)သေနေခြင်းကို တွေ့လျှင်သော်လည်းကောင်း အခြားတရိစ္ဆာန်များအလားတူဖြစ်နေခြင်းကို တွေ့လျှင်သော်လည်းကောင်း သက်ဆိုင်ရာသို့ အမြန်ဆုံးသတင်းပို့ကြရန်နှင့်၊ ပလိပ်ရောဂါသံသယရှိသူများ အမျိုးအမည်မသိရပဲအပြင်းဖျားသောလူနာများနှင့် ရုတ်တရက်သေဆုံးသူများရှိလျှင်လည်း သက်ဆိုင်ရာသို့ သတင်းပို့ကြရန် ကျန်းမာရေး ကော်မရှင်က တိုက်တွန်းထားသည်။
crd-Popular News #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment