Wednesday, July 22, 2020

အလယ်တန်းနှင့် မူလတန်းများအား စစ်ဆေးမှုများဆောင်ရွက်ပြီးမှ ဖွင့်လှစ်ခွင့်ပြုမည်

အလယ်တန်းနဲ့မူလတန်းတွေ ပြန်မဖွင့်ခင်ကျောင်းတွေမှာ စစ်ဆေးမှုတွေဆောင်ရွက်ပြီးမှသာ ဖွင့်လှစ်ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။
အဲဒီအလယ်တန်းအဆင့်နဲ့ မူလတန်းအဆင့်တွေကို ဖွင့်လှစ်ခွင့်ပြုသွားမယ့် အခြေအနေနဲ့ပတ်သက်လို့“သူတို့အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူကတော့ တစ်လလို့ပြောတယ်။ တစ်လလို့ပြောပေမယ့်လို့ ဆရာတို့ ဒီဘက် ကတစ်လမတိုင်ခင်မှာ အခုအထက်တန်းအဆင့်တွေကို စစ်ဆေးသလိုပဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနနဲ့ပေါင်းပြီးတော့ အဖွဲ့လေးတွေဖွဲ့ပြီးတော့ စစ်ဆေးအုန်းမယ်’’လို့ ဒေါက်တာတင်မောင်ဝင်း ကပြောပါတယ်။
ဇူလိုင်လ(၂၁)ရက်မှာတော့ အထက်တန်းအဆင့်တွေကို ပြန်ဖွင့်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ ရန်ကုန်တိုင်းမှာ အထက်တန်းအဆင့်ကျောင်းပေါင်း(၅၉၀)ကျော်ရှိပြီး (A)အဆင့်နဲ့ ဖွင့်လှစ်ခွင့်ရတဲ့ကျောင်းပေါင်း (၅၃၀)ကျော်ရှိပြီး လိုအပ်ချက်ရှိနေသေးတဲ့ ကျောင်းပေါင်း(၆၀)ကျော်ရှိပါတယ်။ လိုအပ်ချက်တွေရှိသေးတဲ့ကျောင်းတွေကို သွားရောက်စစ်ဆေးတာနဲ့ လိုအပ်ချက်တွေဖြည့်ဆည်းပေးတာတွေကို လုပ်ဆောင်သွားဖို့ရှိတယ်လို့လည်း ရန်ကုန်တိုင်းပညာရေးမှူးဒေါ်နှင်းကြည်က ပြောပါတယ်။
လတ်တလောမှာတော့ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ အထက်တန်းအဆင့်ကျောင်းပေါင်း(၇၀၀၀)ရှိတဲ့အထဲ (B)အဆင့်ရှိတဲ့ကျောင်းပေါင်း(၁၀၀၀)ကျော်နဲ့(C)အဆင့်ရှိတဲ့ ကျောင်းပေါင်း(၈၀၀)ကျော်ကို လိုအပ်ချက်တွေ ဖြည့်စွက်ပြီးနောက် ထပ်မံဖွင့်လှစ်ခွင့်ပြုသွားမှာဖြစ်ပါတယ်။ အထက်တန်းကျောင်းတွေဖွင့်လှစ်ပြီးတဲ့နောက်မှ အလယ်တန်းနဲ့မူလတန်းကျောင်းတွေ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့သိရပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>Zawgyi<<
အလယ်တန်းနှင့် မူလတန်းများအား စစ်ဆေးမှုများဆောင်ရွက်ပြီးမှ ဖွင့်လှစ်ခွင့်ပြုမည်
Wednesday, July 22, 2020
အလယ်တန်းနဲ့မူလတန်းတွေ ပြန်မဖွင့်ခင်ကျောင်းတွေမှာ စစ်ဆေးမှုတွေဆောင်ရွက်ပြီးမှသာ ဖွင့်လှစ်ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။
အဲဒီအလယ်တန်းအဆင့်နဲ့ မူလတန်းအဆင့်တွေကို ဖွင့်လှစ်ခွင့်ပြုသွားမယ့် အခြေအနေနဲ့ပတ်သက်လို့“သူတို့အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူကတော့ တစ်လလို့ပြောတယ်။ တစ်လလို့ပြောပေမယ့်လို့ ဆရာတို့ ဒီဘက် ကတစ်လမတိုင်ခင်မှာ အခုအထက်တန်းအဆင့်တွေကို စစ်ဆေးသလိုပဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနနဲ့ပေါင်းပြီးတော့ အဖွဲ့လေးတွေဖွဲ့ပြီးတော့ စစ်ဆေးအုန်းမယ်’’လို့ ဒေါက်တာတင်မောင်ဝင်း ကပြောပါတယ်။
ဇူလိုင်လ(၂၁)ရက်မှာတော့ အထက်တန်းအဆင့်တွေကို ပြန်ဖွင့်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ ရန်ကုန်တိုင်းမှာ အထက်တန်းအဆင့်ကျောင်းပေါင်း(၅၉၀)ကျော်ရှိပြီး (A)အဆင့်နဲ့ ဖွင့်လှစ်ခွင့်ရတဲ့ကျောင်းပေါင်း (၅၃၀)ကျော်ရှိပြီး လိုအပ်ချက်ရှိနေသေးတဲ့ ကျောင်းပေါင်း(၆၀)ကျော်ရှိပါတယ်။ လိုအပ်ချက်တွေရှိသေးတဲ့ကျောင်းတွေကို သွားရောက်စစ်ဆေးတာနဲ့ လိုအပ်ချက်တွေဖြည့်ဆည်းပေးတာတွေကို လုပ်ဆောင်သွားဖို့ရှိတယ်လို့လည်း ရန်ကုန်တိုင်းပညာရေးမှူးဒေါ်နှင်းကြည်က ပြောပါတယ်။
လတ်တလောမှာတော့မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ အထက်တန်းအဆင့်ကျောင်းပေါင်း(၇၀၀၀)ရှိတဲ့အထဲ (B)အဆင့်ရှိတဲ့ကျောင်းပေါင်း(၁၀၀၀)ကျော်နဲ့(C)အဆင့်ရှိတဲ့ ကျောင်းပေါင်း(၈၀၀)ကျော်ကို လိုအပ်ချက်တွေ ဖြည့်စွက်ပြီးနောက် ထပ်မံဖွင့်လှစ်ခွင့်ပြုသွားမှာဖြစ်ပါတယ်။ အထက်တန်းကျောင်းတွေဖွင့်လှစ်ပြီးတဲ့ နောက်မှ အလယ်တန်းနဲ့မူလတန်းကျောင်းတွေ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့သိရပါတယ်။
crd-One News Myanmar #Myanmar_Online_News

0 comments:

Post a Comment