Monday, July 6, 2020

နိုင်ငံခြားသား ခင်ပွန်းအပေါ် မှီခို နေထိုင်လျက်ရှိသည့် မြန်မာ အမျိုးသမီးများမှ ပေးသွင်း

၁။ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် ဂျပန်နိုင်ငံ၌ ရောက်ရှိ နေထိုင်လျက်ရှိသော နိုင်ငံခြားသား ခင်ပွန်းအပေါ် မှီခို နေထိုင်လျက်ရှိသည့် မြန်မာ အမျိုးသမီးများမှ သံရုံးသို့ ပေးသွင်းထားသည့် အပြန် လေယာဉ် စရိတ်များကို ပေးသွင်းကာလ (၃) နှစ် အထက် ပေးသွင်းပြီး ဖြစ်ပါက ပြန်လည် ထုတ်ပေးမည် ဖြစ်ကြောင်းကို အသိပေး ကြေညာထားပြီး ဖြစ်ပါသည်။
၂။ သံရုံး၏ အသိပေး ကြေညာချက် နှင့်အညီ မြန်မာသံရုံး၊ တိုကျိုမြို့ သည် (၂၃-၈-၂၀၁၈) ရက်နေ့ မှ စတင်၍ (၃၀-၆-၂၀၂၀၂၀) ရက်နေ့ အထိ သံရုံး၌ အပြန် လေယာဉ်စရိတ် ပေးသွင်းထားသော မြန်မာ အမျိုးသမီးများမှ ပြန်လည် ထုတ်ယူခွင့်ပြုပါရန် လျှောက်ထားလာသူ (၃၀၈) ဦး အား သံရုံး၏ မှတ်တမ်းများနှင့် တင်ပြလျှောက်ထားသူ၏ စာရွက်စာတမ်းများ အား တိုက်ဆိုင်စိစစ်၍ လာရောက် လျှောက်ထားသူများအတွက် အပြန် လေယာဉ်စရိတ်များကို ပြန်လည်ထုတ်ပေးခဲ့ပါသည်။
၃။ ထို့ကြောင့် မြန်မာသံရုံး၊ တိုကျိုမြို့တွင် (၃) နှစ် အထက် အပြန် လေယာဉ်စရိတ် ပေးသွင်းထား သော မြန်မာ အမျိုးသမီးများ အနေဖြင့် ပြန်လည် ထုတ်ယူရန် အတွက် ကိုယ်တိုင် လာရောက် လျှောက်ထားရန် အဆင်ပြေမှု မရှိခြင်းနှင့် အပြန် လေယာဉ်စရိတ် ပေးသွင်းထားသည့် အချိန်ကာလ ကြာမြင့်ပြီ ဖြစ်သည့် အတွက် စာရွက်စာတမ်း ပြည့်စုံစွာ တင်ပြနိုင်မှု မရှိခြင်းတို့ အပါအဝင် လျှောက်ထားသူများ ကြုံတွေ့ နေသော အခက်အခဲများကို ကာယကံရှင်များမှ တိုကျိုမြို့ရှိ မြန်မာ သံရုံးသို့ တယ်လ်လီဖုန်းဖြင့် ဖြစ်စေ၊ အီးမေးလ်ဖြင့်ဖြစ်စေ တိုက်ရိုက် ဆက်သွယ် မေးမြန်း ဆောင်ရွက်ခြင်းမှာ ထိရောက်မှု အရှိဆုံးနှင့် ကောင်းမွန်မှန်ကန်သော ဖြေရှင်းမှု နည်းလမ်း ဖြစ်ပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။
မြန်မာသံရုံး ၊ တိုကျိုမြို့။

0 comments:

Post a Comment