Saturday, July 11, 2020

ပြည်မြို့တွင် ပြည်တော်ပြန်တစ်ဦး ကွာရန်တင်းမဝင်ဘဲ ရှောင်တိမ်းနေသဖြင့် လိုက်လံရှာဖွေနေ

သတင်းရရှိချိန် ဇူလိုင် ၁၀ ရက်နေ့ကတည်းက ၎င်းနေထိုင်ရာ နေအိမ်ကို ချက်ချင်းသွားရောက်ပြီး ကွာရန်တင်း ဝင်ဖို့ ခေါ်ဆောင်ခဲ့ချိန်မှာ ထွက်ပြေးသွားတာဖြစ်ပါတယ်။
ပြည်မြို့နယ်၊ပေါင်းတလည်မြို့အပိုင်ထဲက ကျေးရွာတစ်ရွာကဖြစ်ပြီး အသက် ၃၅ ဝန်းကျင်အရွယ် အမျိုးသားဖြစ်ပါတယ်။သူဟာ နေအိမ်ကို ပြန်လည်ရောက်ရှိနေတာ ၃ ရက်ရှိနေပြီလို့ သိရပါတယ်။
"စုံစမ်းဆဲပါ၊ခုလည်း ငါးခူအိုင် ကရှာဖွေပြန်လာတယ်အဲ့ဒီမှာရောက်နေတယ်သတင်းရလိုသွားတော့သတင်းကနည်းနည်းမှားသွားတယ်။သူက အဲ့ဒီရွာသားကိုး။ သူက ပြည်ပပြန်ဆိုတာကိုတော့ တထစ်ချပြောလို့မရသေးဘူး။ဒါပေမယ့် ကျတော်တို့ရထားတာက တရုတ်ပြန်လို့သိထားရတယ်။ ပထမတခါ ကျန်းမာရေးက မေးထားတာက လားရှိုးပြန်၊ သူ့မိသားစုကတော့ မူဆယ်ပြန်လို့ပြောတယ်။သတင်းကဘယ်ဟာအမှန်မှန်းတော့ လက်ရှိအချိန်အထိ အတိအကျမသိသေးဘူး။ အခု သူကQ မဝင်ပဲထွက်ပြေးနေတာပေါ့။"လို့ ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ဒုတိယဦးစီးမှူးဦးထက်အောင်လွင်ကပြောပါတယ်။
သတင်းရရှိချိန် ဇူလိုင် ၁၀ ရက်နေ့ကတည်းက ၎င်းနေထိုင်ရာ နေအိမ်ကို ချက်ချင်းသွားရောက်ပြီး ကွာရန်တင်းဝင်ဖို့ ခေါ်ဆောင်ခဲ့ချိန်မှာ ထွက်ပြေးသွားတာဖြစ်ပါတယ်။လက်ရှိမှာ ဆက်စပ်ကျေးရွာတွေကို လိုက်လံရှာဖွေနေဆဲဖြစ်ပါတယ်။ နောက်ဆုံးအချိန်အထိ ရှာဖွေမတွေ့ခဲ့ဘူးဆိုရင်တော့ ဥပဒေနဲ့အညီ ဆက်လက်အရေးယူမှုလုပ်ဆောင်သွားရမယ်လို့သိရပါတယ်။လက်ရှိ ပြည်ခရိုင်အတွင်းမှာပြည်ပကနေပြန်လာသူ မြန်မာနိုင်ငံသား၂၂၁ဦးကို အသွားအလာကန့်သတ်စောင့်ကြည့်ထားပါတယ်။
Crd : Duwun

0 comments:

Post a Comment