Monday, July 6, 2020

အမေရိကန်ပြည်ထောင်စုသမ္မတရွေးကောက်ပွဲတွင် သမ္မတ ထရမ့်နှင့် ရင်းနှီးသော ရက်(ပ်)ပါ အဆိုတော်တစ်ဦး သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်ကြောင်းသိရ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ထောက်ခံကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့သည့် ရက်(ပ်)ပါ ကန်ယေးဝက်စ်က ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း တွစ်တာ၌ ရေးသားခဲ့သည်။
ဘုရားသခင်အပေါ် ယုံကြည်ပြီး အမေရိက၏အလားအလာများကို ဖြည့်ဆည်းရမည်ဖြစ်ကာ အမြင်များကိုစုစည်း၍ အနာဂတ်ကိုတည်ဆောက်ရမည်ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုသမ္မတရွေးကောက်ပွဲဝင်မည်ဖြစ်ကြောင်း ဝက်စ်က တွစ်တာ၌ ရေးသားခဲ့သည်။
ဝက်စ်သည် နိုဝင်ဘာ ၃ တွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲအတွက် လိုအပ်သည့် စာရွက်စာတမ်းများကို တင်ပြရပြီးဖြစ်သည်မဖြစ်သည်ကို မသိရသေးချေ။
ပြည်နယ်များစွာတို့၌ တစ်သီးပုဂ္ဂလိကိုယ်စားလှယ်လောင်းအတွက် နောက်ဆုံးအမည်စာရင်းတင်သွင်းရမည့်ရက်ကို မကျော်လွန်သေးချေ။
ဝက်စ်နှင့် နာမည်ကျော်ကြားသော ဇနီး ကင်မ် ကာဒါရှန်း ဝက်စ်တို့သည် အိမ်ဖြူတော်သို့သွားရောက်ပြီး ထရမ့်နှင့် တွေ့ဆုံခဲ့ကြပြီးဖြစ်သည်။

0 comments:

Post a Comment