Friday, July 17, 2020

ဝေဠုကျော်နှင့်မတိုင်မီ ကာမလိမ်လည်မှုတစ်ခုတွင် အမှုအနိုင်ရရှိခဲ့ဖူးသည်မှာ မှန်ကန်ကြောင်း အလှမယ် သင်းသင်း ဝန်ခံထွက်ဆို

သရုပ်ဆောင် ဝေဠုကျော်နှင့် အမှုမတိုင်မီ ကာမလိမ်လည်မှုတစ်ခုတွင် အမှုနိုင်ခဲ့ဖူးကြောင်း မော်ဒယ် သင်းသင်းက ယနေ့ဇူလိုင် ၁၇ ရက်တရားခွင်တွင် ဝန်ခံထွက်ဆိုခဲ့သည်။
ယနေ့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံး၌ အမှုစစ်ဆေးရာတွင် ဝေဠုကျော်ဘက်မှ ရှေ့နေက တရားလို သင်းသင်းအား ယခုအမှုမတိုင်မီ ကာမလိမ်လည်မှုတစ်ခု၌ အမှုနိုင်ခဲ့ခြင်း ရှိ၊မရှိ မေးမြန်းရာ သင်းသင်းက ဟုတ်မှန်ကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ အဆိုအမှုတွင် နစ်နာကြေး သိန်းသုံးဆယ်ရရှိခဲ့ခြင်း ရှိ၊မရှိ ဆက်လက်မေးမြန်းရာ မရရှိခဲ့ကြောင်း သင်းသင်းက ပြန်လည်ထွက်ဆိုခဲ့သည်။ ထိုသို့ မေးမြန်းချက်များအပေါ် တရားလိုဘက်မှ ကန့်ကွက်ခဲ့သော်လည်း တရားရုံးက ခွင့်ပြုခဲ့ပြီး အမှုအား ဆက်လက်စစ်ဆေးခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တရားလို သင်းသင်းက " ဒါကကြာပါပြီ။ ရက်တောင် မမှတ်မိတော့ပါဘူး။ ကိုယ့်ဘက်က လိပ်ပြာသန့်ပါတယ်။ လျော်ကြေးနဲ့ ပတ်သက်လို့ပေါ့။ သူတို့ဘက်က ငွေနဲ့လာညှိတာရှိပါတယ်။ သင်းသင်းဘက်က လက်မခံခဲ့တာပါ"ဟု မီဒီယာများကို ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၁ခုနှစ်က ရေနံချောင်းမြို့နယ်တရားရုံးတွင် မော်ဒယ် သင်းသင်းက အမျိုးသားတစ်ဦးအား ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုခဲ့ပြီး အမှုတွင် အနိုင်ရခဲ့ကြောင်း ယနေ့ တရားခွင်စစ်ဆေးမှုမှ သိရသည်။ အဆိုပါ အမှုတွဲဖိုင်မိတ္တူကိုလည်း ဝေဠုကျော်ဘက်မှ သက်သေအဖြစ် တင်သွင်းခဲ့ပြီး တရားရုံးကလက်ခံခဲ့သည်။
အမှုစစ်ဆေးမှုနှင့်ပတ်သက်၍ သရုပ်ဆောင်ဝေဠုကျော်က" ဒီနေ့က တရားလိုကို ဒုတိယမြောက် အပြန်အလှန်စစ်မေးတဲ့ ရက်ပါ။ အကိုတို့ဘက်လည်း မေးစရာရှိတာမေးတယ်။ တရားလို ဘက်ကလည်း ဖြေစရာရှိတာဖြေခဲ့ပါတယ်"ဟု မီဒီယာများကို ပြောကြားခဲ့သည်။
သရုပ်ဆောင်ဝေဠုကျော်အား မော်ဒယ်သင်းသင်းက ကာမလိမ်လည်ရယူမှု ပုဒ်မ-၄၁၇ ဖြင့် တရားစွဲဆိုထားသောအမှုအား ယနေ့တွင် သင်္ဃန်းကျွန်းမြို့နယ်တရားရုံး၌ ရုံးချိန်းခေါ်ယူ စစ်ဆေးခဲ့ခြင်းဖြစ်သည်။
Source - စံတော်ချိန်
>>zawgyi<<

0 comments:

Post a Comment