Tuesday, July 21, 2020

မလေးရှားနိုင်ငံတွင် ကိုဗစ်ကူးစက်မှုထိန်းချုပ်ရန် ဝန်ကြီးချုပ်မှ နှာခေါင်းစွပ်များမဖြစ်မနေ ဝတ်ဆင်ကြရန် ပြည်သူများသို့ သတိပေး

မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အစုလိုက်အဖွဲ့လိုက် ကူးစက်မှုအသစ်တွေ တွေ့ရှိလာတာကြောင့် ခပ်ခွာခွာနေခြင်း စည်းမျည်းစည်းကမ်းတွေ လိုက်နာကြဖို့နဲ့ အများပြည်သူဆိုင်ရာ နေရာတွေမှာ နှာခေါင်းစွပ်တွေ မဖြစ်မနေ ဝတ်ဆင်ကြဖို့ ဝန်ကြီးချုပ် Muhyiddin Yassin က သတိပေးပြောကြားခဲ့ပါတယ်။
Mr Muhyiddin ဟာ မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်တွေ ထပ်တိုးလာခဲ့ကြောင်း၊ လက်ရှိအခြေအနေကို ပေါ့ဆနေလို့ မရကြောင်း၊ တကယ်လို့ ဗိုင်းရပ်စ်ကူးစက်မှုတွေ အလျှင်အမြန် မြင့်တက်လာရင် အစိုးရရဲ့ လော့ဒေါင်းပြန်လည်ချမှတ်မှုကို ဘယ်သူမှ အလိုရှိကြမှာ မဟုတ်ကြောင်း ရုပ်မြင်သံကြားတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံမှာ ပိုးကူးစက်လူနာအရေအတွက် နည်းပါးနေဆဲ ဖြစ်ပေမယ့် လက်တလော အသွားအလာ ထိန်းချုပ်ရေး( RMCO ) အမိန့် တစ်လျှောက်မှာ အစုလိုက်ဗိုင်းရပ်စ်ကူးစက်လူနာ ၁၃ ဦး ထပ်တွေ့လာတာကို စိုးရိမ်ပူပန်မိကြောင်း Mr Muhyiddin က ဖော်ပြခဲ့ပါတယ်။ ဒါ့ကြောင့် နိုင်ငံရဲ့ ဗိုင်းရပ်စ်ကူးစက်လူနာ အရေအတွက် နည်းပါးနေခြင်းအတွက် ကျေနပ်မနေသင့်ဘဲ နှာခေါင်းစွပ်တွေ ဆက်လက်ဝတ်ဆင်ပြီး တစ်ဦးနဲ့တစ်ဦး တစ် မီတာ အကာအဝေးခြားကာ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုတွေ မပြုလုပ်ကြဖို့ ဝန်ကြီးချုပ် Muhyiddin က တိုက်တွန်းထားပါတယ်။
မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၈၈၀၀ ၊ သေဆုံးသူ ၁၂၃ ဦး ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ MCO အစီအမံကို ပြည်သူ့လူထုရဲ့ လှုပ်ရှားမှု ကန့်သတ်ဖို့နဲ့ ဗိုင်းရပ်စ်ကူးစက်မှု လျော့ချနိုင်ဖို့အတွက် ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က စတင်ပြဌာန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Source - Akonthi
>>zawgyi<<

0 comments:

Post a Comment