Tuesday, July 21, 2020

ပြည်သူ့ရှေ့ဆောင်ပါတီခေါင်းဆောင်များဖြစ်သော ဒေါ်သက်သက်ခိုင်နှင့် ဦးကျော်ဇေယျတို့ ၂၀၂၀ ရွေးကောက်ပွဲဝင်မည်ဖြစ်

ပြည်သူ့ရှေ့ဆောင်(PPP)ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင်နဲ့ ဒုတိယဥက္ကဌ ဦးကျော်ဇေယျတို့ ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမှ ဖြစ်ကြောင်း သိရပါသည်။။
ဇူလိုင်(၂၀)က ပြုလုပ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ဒဂုံမြို့နယ်ရုံးဖွင့်ပွဲမှာ ဒေါက်တာသက်သက်ခိုင်က အခုလိုပြောလိုက်တာပါ။
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှာြဖစ်ပေမယ့် ပါတီအတွက် ကိုယ်စားလှယ်လောင်းတွေကို ဦးစားပေးဆောင်ရွက်နေလို့ ယှဉ်ပြိုင် မယ့် မဲဆန္ဒနယ်ကိုတော့ မရွေးချယ်ရသေးဘူးလို့ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီးကနေ ကိုယ်စားလှယ်လောင်း (၁၀၁)ဦး ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားပြီး တစ်နိုင်ငံလုံးအနေနဲ့ ကိုယ်စားလှယ်လောင်း ၂၅၀ နီးပါး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ရန်ကုန်က ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအနက် ၃၀ရာခိုင်နှုန်းက အမျိုးသမီးကိုယ်စားလှယ်တွေ ဖြစ်တယ်လို့ ဒေါ်သက်သက်ခိုင်က ဆိုပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက ‌ ဒေါက်တာသက်သက်ခိုင်နဲ့ ဦးကျော်ဇေယျတို့နှစ်ဦးစလုံး NLD ပါတီကိုယ်စားပြုပြီး ဒဂုံမြို့နယ် က ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် ရွေးချယ်ခံခဲ့ရတာပါ။

0 comments:

Post a Comment