Sunday, July 26, 2020

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တပ်မတော်မှ ရွေးကောက်ပွဲလုံခြုံရေးအတွက် ဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြောကြား

လာမည့်၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ လိုအပ်သည့်နေရာများတွင် လုံခြုံရေးအရ ဆောင်ရွက်ပေးရန် တာဝန်ရှိသူများ ပြောလာပါက အသင့်ရှိကြောင်း တပ်မတော်သတင်းမှန် ပြန် ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။
တပ်မတော်အနေဖြင့် ယခင်ရွေး ကောက်ပွဲများတွင်လည်း လိုအပ်ချက် မှန်သမျှကို ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ပြီး လုံခြုံရေးသာမကဘဲ အခြားထပ်မံ လိုအပ်သည့် အခြေခံ လိုအပ်ချက်များ ကိုလည်း ဖြည့်ဆည်းပေးခဲ့ကြောင်း ၎င်း က ပြောဆိုသည်။
"ကချင်ပြည်နယ်လို နေရာမျိုးမှာ လမ်းပန်းဆက်သွယ်မှု အခု မိုးရာသီ ရောက်နေပြီ။ လမ်းပန်းဆက်သွယ်မှုခက်ခဲ တဲ့နေရာမျိုးတွေမှာ မဲတွေအချိန်မီ ရောက်ရှိဖို့၊ မဲပုံးတွေအချိန်မီရောက်ရှိဖို့၊ ပြန်လည်ရောက်ရှိဖို့ ဒါတွေကို ယခင်က လည်း တပ်မတော်အနေနဲ့ လေယာဉ်၊ ရဟတ်ယာဉ်တွေအသုံးပြုပြီး ကူညီခဲ့တာ ရှိတယ်။ ကျွန်တော်တို့ရဲ့ ယုံကြည်ချက် လည်းဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး လုံခြုံ ရေးအရ သက်ဆိုင်ရာ အာဏာရှိသူ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ လိုအပ်တဲ့နေရာ တွေမှာလုံခြုံရေးအရ ဆောင်ရွက်ပေးဖို့ ပြောလာလို့ရှိရင်၊ လုံခြုံရေးအရ လိုအပ် လာလို့ရှိရင် ကျွန်တော်တို့အနေနဲ့ ဆောင် ရွက်ပေးဖို့၊ ပို့ဆောင်ပေးဖို့ အသင့်ရှိ ကြောင်း ပြောလိုပါတယ်"ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။
နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ဇူလိုင် ၂၅ရက် မွန်းလွဲပိုင်းက ပြုလုပ်သောတပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့သတင်းစာရှင်းလင်းပွဲတွင် သတင်း မီဒီယာများ၏မေးမြန်းမှုအပေါ် ယင်းကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
တပ်မတော်အနေဖြင့် နိုင်ငံရေးစနစ်နှင့်ပတ်သက် ၍ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည်သောကြောင့် ပါတီ စုံ ဒီမိုကရေစီစနစ်ကို စတင်လမ်းဖွင့်ပြီး ကျင့်သုံးနေခြင်း ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်၏ အသက်သည် ရွေးကောက်ပွဲဖြစ်ပြီး ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတရန် လိုအပ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောဆိုသည်။
"ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတဖို့ လိုပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လည်း ဒီစကားကိုလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တိုင်းရပ်တိုင်းမှာ ဒီစကားကို အမြဲတမ်းပြောပါ တယ်။ လွတ်လပ်ပြီး တရားမျှတဖို့လိုပါတယ်။ လွတ်လပ် ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုတာသည် လုံခြုံမှုရှိဖို့လည်း တစ်စိတ်တစ် ပိုင်းပါဝင်ပါတယ်။ လုံခြုံမှုရှိ တာလည်း ပါဝင်တဲ့ အစိတ်အပိုင်းဖြစ်တယ်"ဟု ၎င်းက ပြောဆိုသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲ လုံခြုံရေးအတွက် အထူးရဲ ၄၀၀၀၀ ကျော် ခန့်အပ်သွား မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။၂၀၂၀ အထွေထွေရွေးကောက်ပွဲ တွင် တပ်မဲရုံများ အား တပ်ရင်း၊ တပ်ဖွဲ့ ပြင်ပသင့်လျော်သည့်နေရာတွင် ထားရှိရေးကိစ္စနှင့် ပတ်သက်၍လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြဋ္ဌာန်းထားသည့် ဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။
"ဒါနဲ့ ပတ်သက်ပြီးတော့ တချို့ မဲရုံတွေမှာ အပြင်ထုတ်နိုင်တဲ့မဲရုံတွေရှိ တယ်။ တချို့မဲရုံတွေကတော့ တပ်ပဲ သီးသန့်ရှိနေတဲ့ဟာတွေမှာအပြင်မထုတ်နိုင်တာတွေရှိ တယ်။ ဘယ်လိုပဲပြောပြော ရွေးကောက်ပွဲကော်မရှင်က ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ၊ ရွေးကောက်ပွဲကော်မရှင်က ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းတွေအတိုင်း ကျွန်တော်တို့ လိုက်နာဆောင်ရွက်သွား မှာဖြစ်ပါတယ်"ဟု ၎င်းက ပြော ဆိုသည်။
လာမည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၇ သန်းကျော်ရှိပြီးဇူလိုင်၂၅ရက်တွင် မဲဆန္ဒရှင်အမည် စာရင်းကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ကျေးရွာများတွင် ပထမအကြိမ် ကပ်ထားကြေညာခဲ့ ကြောင်း သိရသည်။
Crd : စံတော်ချိန်

0 comments:

Post a Comment