Monday, July 6, 2020

တောင်ကြီးညစျေးတန်းအား ညွှန်ကြားချက်နှင့် ညီပါက ဆိုင်ခန်း တစ်ဝက်နှုန်းဖြင့် ဖွင့်လှစ်ခွင့်ပြုရန် စီစဉ်

တောင်ကြီးမြို့ မြို့မဈေးအနီးရှိ ညဈေးတန်းအား COVID-19 ကာကွယ်ရေး ကုသရေးနှင့်ထိန်းချုပ်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်နှင့်ညီပါက ဆိုင်ခန်း တစ်ဝက်နှုန်းဖြင့် ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် ဒေသအသီးသီးရှိ ညဈေးများအနက် တောင်ကြီးညဈေးတန်းအား ဖွင့်လှစ်ခွင့်ပြုခြင်းနှင့် ပတ် သက်၍ ဇူလိုင်လ ၂ရက် ပြုလုပ်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကတ်ဘိနက်တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။
"ကတ်ဘိနက်မှာ အားလုံး ဝိုင်းဝန်းဆုံးဖြတ်တာပေါ့။ ပြည်သူပြည်သားတွေ စားဝတ်နေရေး အခက်အခဲက ရှိတဲ့အတွက် တောကြီးညဈေးကို ဈေးဆိုင်တစ်ဝက်နှုန်းကို ကိုဗစ်ကော်မတီရဲ့ စညိမျဉ်းစည်းကမ်းအတိုင်း လုပ်နိုင်တယ်ဆိုရင်တော့ ခွင့်ပြုပေးသွားမှာပေါ့" ဟု ရှမ်းပြည် နယ်အစိုးရအဖွဲ့မှ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးက မဲခေါင်သတင်းဌာနသို့ ပြောသည်။
ညဈေးရောင်းချသူများအနေဖြင့် စားဝတ်နေရေး ခက်ခဲသောကြောင့် ဖွင့်လှစ်ခွင့်ပြုရန် ညဈေးကော်မတီက ရှမ်းပြည်နယ်အစိုးရသို့ စာတင်ပြထားခဲ့ရာ အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။
"ဈေးနဲ့ပတ်သက်ရင်တော့ တောင်ကြီး ညဈေးတစ်ခုပဲ။ သူတို့ တင်ပြလာလို့ ကန်ဘိနက်မှာ ဆွေးနွေးတာ ဖြစ်တယ်။ ကျန်တာတွေတော့ မပါဘူး" ဟု လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။
ဇူလိုင်လ ၂ရက်က ပြုလုပ်သော အစိုးရအဖွဲ့ အစည်းအဝေးတွင် ရှမ်းပြည်နယ်ရှိ ဘုရား စေတီများနှင့် ပတ် သက်၍လည်း ဆွေးနွေးခဲ့ရာ လက်ရှိအတိုင်း ပိတ်ထားရမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
Ref ; MeKong News

0 comments:

Post a Comment