Tuesday, July 7, 2020

အမေရိကန်လေယာဉ်တင်သင်္ဘော ၂ စီး ဇူလိုင်လအတွင်း (၄)ကြိမ်မြောက်အဖြစ် တောင်တရုတ်ပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်

အမေရိကန်ရေတပ်မှ Nimitz လေယာဉ်တင်သင်္ဘောစစ်ရေယာဉ်စု (CSG-11) နှင့် Ronald Reagan လေယာဉ်တင်သင်္ဘောစစ်ရေယာဉ်စု (CSG-5) တို့သည် တောင်တရုတ်ပင်လယ်ပြင်အတွင်း အမေရိကန်ပြည်ထောင်စု၏ (၂၄၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပူးပေါင်းကာ စစ်ရေးလေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါစစ်ရေးလေ့ကျင့်မှုသည် အမေရိကန်ရေတပ်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း (၄)ကြိမ်မြောက် လေ့ကျင့်ဆောင်ရွက်ခဲ့သည့် စစ်ရေးလေ့ကျင့် ခန်းဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါစစ်ရေးလေ့ကျင့်မှုသည် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လေ့ကျင့် ဆောင်ရွက်ခြင်းဟုဆိုသော်လည်း တောင်တရုတ်ပင်လယ်ပြင်အတွင်း တပ်ဖြန့်ကာ ရေကြောင်းစွမ်းအားကို ပြသခဲ့ခြင်းဖြစ်သည်။
အမေရိကန်ရေတပ်၏ Carrier Strike Group-5 မှ မိမိတို့စစ်ရေယာဉ်များအနေဖြင့် အင်ဒို-ပစိဖိတ်ဒေသတွင် ဒေသတွင်းတည်ငြိမ်ရေးနှင့် ရေကြောင်းဆိုင်ရာ လုံခြုံရေးအတွက် လွတ်လပ်ပြီး ပွင့်လင်းသည့်မူဝါဒအတိုင်း လေ့ကျင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း စစ်ရေးသုံးသပ်သူများ၏ လေ့လာချက်များအရ အမေရိကန် ရေတပ်အနေဖြင့် ၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း တောင်တရုတ်ပင်လယ်နှင့် ဆက်စပ်ဧရိယာများတွင် လေယာဉ်တင်သင်္ဘော ၃ စီးအား တပ်ဖြန့်ချထားခြင်းသည် လက်ရှိမူဝါဒဖြစ်သော Free and Open Indo-Pacific မူဝါဒမှ To Blunt Chinese Development သို့ အသွင်ပြောင်းလာခြင်းဖြစ်ကြောင်း သုံးသပ်ကြပါသည်။
အဆိုပါစစ်ရေယာဉ် ၂ စီးသည် ၂၈-၆-၂၀၂၀ ရက်နေ့မှ စတင်ကာ ဖိလစ်ပိုင်ပင်လယ်ပြင်မှတစ်ဆင့် တပ်ဖြန့်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ထိုကဲ့သို့ လေ့ကျင့်ဆောင်ရွက်ခဲ့ခြင်းအားဖြင့် အမေရိကန်ရေတပ်၏ လေယာဉ် တင်သင်္ဘောများအနေဖြင့် လေကြောင်းဆိုင်ရာတိုက်စွမ်းရည်ကို တိုးမြှင့်စေနိုင်မည်ဖြစ်သကဲ့သို့ လေယာဉ်တင်သင်္ဘောအခြေပြု တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များနှင့် အခြားသော လေယာဉ်အမျိုးအစားများဖြင့် ဝေးကွာသောနေရာများရှိ စစ်ဆင်ရေး ရည်မှန်းချက်နေရာများအား နည်းဗျူဟာမြောက် တိုက်စစ်ဆင်ရာတွင် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။
>>Zawgyi<<

0 comments:

Post a Comment