Wednesday, July 15, 2020

တမူးမြို့ ၄ မိုင်စစ်ဆေးရေးဂိတ်၌ တရားမဝင် ဝင်ရောက်လာသော အိန္ဒိယနိုင်ငံသား ၂ ဦးအား ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ ၄ မိုင်စစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်ဝင်၊ ထွက်မှုများအား စစ်ဆေးစဉ် ဇူလိုင် ၁၄ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ခမ်းပတ်မြို့မှတမူးမြို့သို့ မောင်းနှင်လာသောလိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နှစ်စီးအား ရပ်တန့်စစ်ဆေးရာ တရားမဝင် ဝင်ရောက် လာသော အိန္ဒိယနိုင်ငံသား ၂ ဦးကို တွီဗန်ကျေးရွာနေ မတင်ဇနိန့်(ဘ) ဦးဟောခိုလွန်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူများအား တရားဥပဒေအရဆောင်ရွက်နိုင်ရေး တမူးခရိုင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသို့ အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment