Monday, July 13, 2020

ဖားကန့် မြေပြိုကျနိုင်သည့်နေရာများအား အဖွဲ့ခွဲကာ ကွင်းဆင်းစစ်ဆေး၊ ကျောက်ထူးဖော်မှု တားဆီးကန့်သတ်တာတွေကို မလိုက်နာပါက ဥပဒေနဲ့အရေးယူဆောင်ရွက်မည်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မိုးတွင်းကာလ ဒေသခံတွေ အန္တရာယ်ကြုံတွေ့ နိုင်ခြေရှိတဲ့ မြေပြင်အခြေအနေတွေ၊ မြေပြင်သုံးသပ်ချက်နဲ့ အကြံပြုချက်တွေ စုစည်းရယူနိုင်ဖို့အတွက် အဖွဲ့တွေခွဲကာ ကွင်းဆင်းစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီအဖွဲ့တွေမှာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ဝင်တွေနဲ့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်တယ်လို့ သိရ ပါတယ်။
ကွင်းဆင်းစစ်ဆေးရေး အဖွဲ့(၆)ဖွဲ့ခွဲကာ ဇူလိုင်လ(၁၁) ရက်က စတင်ပြီး မြေပြင် အချက်အလက် တွေကို ကွင်းဆင်း ရယူခဲ့ပြီး ဇူလိုင်လ (၁၂) ရက်မှာ အပြီးသတ် ခဲ့တယ်လို့လည်း အဖွဲ့ဝင်တွေကပြောပါတယ်။ ဒါ့အပြင် အန္တရာယ်ရှိ နိုင်တဲ့နေရာတွေမှာ ဝင်ရောက်တူးဖော်ကြသူတွေကို တူးဖော်ခွင့် တားဆီးကန့်သတ် တာ ၊ ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အချိန်မီပြန်လည်ပြုပြင်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ထုတ်နုတ်သုံးစွဲရမယ့် ယာဉ်နဲ့စက်ယန္တရားတွေကို အန္တရာယ်ဖြစ် နိုင်ခြေရှိတဲ့နေရာနဲ့ အနီးဆုံး ပြင်ဆင်စုဖွဲ့ထားနိုင်ဖို့အတွက်လည်း ဆောင်ရွက် နေတယ်လို့ သိရပါတယ်။
ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်တွေအရ အန္တရာယ်ရှိတဲ့ နေရာအချို့ကို ဖားကန့် မြို့ပေါ် ငါးရပ်ကွက်က ကျေးရွာတွေ ၊ လုံးခင်းကျေးရွာအုပ်စုနဲ့ ဆိပ်မူကျေးရွာအုပ်စုတွေမှာ တွေ့ရှိခဲ့ရတယ်လို့လည်း သိရပါတယ်။ အဲဒီအန္တရာယ်ရှိ နေရာတွေမှာ ကျောက်ထူးဖော်မှု တားဆီးကန့်သတ်တာတွေကို မလိုက်နာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဉပဒေနဲ့ အရေးယူဆောင်ရွက် သွားမယ်လို့ အဖွဲ့ဝင်တွေက ပြောကြားပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>Zawgyi<<
ဖားကန့် မြေပြိုကျနိုင်သည့်နေရာများအား အဖွဲ့ခွဲကာ ကွင်းဆင်းစစ်ဆေး၊ ကျောက်ထူးဖော်မှု တားဆီးကန့်သတ်တာတွေကို မလိုက်နာပါက ဥပဒေနဲ့ အရေးယူဆောင်ရွက်မည်
Monday, July 13, 2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မိုးတွင်းကာလ ဒေသခံတွေ အန္တရာယ်ကြုံတွေ့ နိုင်ခြေရှိတဲ့ မြေပြင်အခြေအနေတွေ၊ မြေပြင်သုံးသပ်ချက်နဲ့ အကြံပြုချက်တွေ စုစည်း ရယူနိုင်ဖို့အတွက် အဖွဲ့တွေခွဲကာ ကွင်းဆင်းစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီအဖွဲ့တွေမှာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ဝင်တွေနဲ့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်တယ်လို့ သိရ ပါတယ်။
ကွင်းဆင်းစစ်ဆေးရေး အဖွဲ့(၆)ဖွဲ့ခွဲကာ ဇူလိုင်လ(၁၁) ရက်က စတင်ပြီး မြေပြင် အချက်အလက် တွေကို ကွင်းဆင်း ရယူခဲ့ပြီး ဇူလိုင်လ (၁၂) ရက်မှာ အပြီးသတ် ခဲ့တယ်လို့လည်း အဖွဲ့ဝင်တွေကပြောပါတယ်။ ဒါ့အပြင် အန္တရာယ်ရှိ နိုင်တဲ့နေရာတွေမှာ ဝင်ရောက်တူးဖော်ကြသူတွေကို တူးဖော်ခွင့် တားဆီးကန့်သတ် တာ ၊ ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အချိန်မီပြန်လည်ပြုပြင်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ထုတ်နုတ်သုံးစွဲရမယ့် ယာဉ်နဲ့စက်ယန္တရားတွေကို အန္တရာယ်ဖြစ် နိုင်ခြေရှိတဲ့နေရာနဲ့ အနီးဆုံး ပြင်ဆင်စုဖွဲ့ထားနိုင်ဖို့အတွက်လည်း ဆောင်ရွက် နေတယ်လို့ သိရပါတယ်။
ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်တွေအရ အန္တရာယ်ရှိတဲ့ နေရာအချို့ကို ဖားကန့် မြို့ပေါ် ငါးရပ်ကွက်က ကျေးရွာတွေ ၊ လုံးခင်းကျေးရွာအုပ်စုနဲ့ ဆိပ်မူကျေးရွာအုပ်စုတွေမှာ တွေ့ရှိခဲ့ရတယ်လို့လည်း သိရပါတယ်။ အဲဒီအန္တရာယ်ရှိ နေရာတွေမှာ ကျောက်ထူးဖော်မှု တားဆီးကန့်သတ်တာတွေကို မလိုက်နာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဉပဒေနဲ့ အရေးယူဆောင်ရွက် သွားမယ်လို့ အဖွဲ့ဝင်တွေက ပြောကြားပါတယ်။
crd-One News Myanmar #Myanmar_Online_News

0 comments:

Post a Comment