Monday, July 6, 2020

ဖားကန့်အဖြစ်ဆိုး ရေမဆေးများ၏ လောဘအပါအဝင် အချက်နှစ်ချက်ကြောင့်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌပြော

လူပေါင်းများစွာ သေဆုံးခဲ့သော ဖားကန့်မြေစာပုံပြိုကျမှု‌ဖြစ်စဉ်သည် ရေမဆေးကျောက် ရှာဖွေသူများ၏ လောဘအပါအဝင် အချက်နှစ်ချက်‌ကြောင့်ဖြစ်သည်ဟု မြေစာပုံပြိုကျမှုဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ‌ပြောကြားလိုက်သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ‌မြေစာပုံပြိုကျသည့်နေရာသို့ ယမန်နေ့ (ဇူလိုင် ၅ရက်)က သွားရောက်စစ်‌ဆေးခဲ့ပြီး သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် သတင်းထောက်များ၏ မေးမြန်မှုအ ပေါ် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ‘‘ပြိုတာက သဘာဝမြေကြီး။ ကိုယ့်ရဲ့မြေမဟုတ်ဘူး။ မိုးကလည်းရွာတယ်။ အဲဒီမှာ fault line ရှိတယ်။ မြေကိုကမြေပြို လွယ်တဲ့မြေသားဖြစ်တယ်။ မိုးကလည်း အဆက်မပြတ်ရွာတယ်။ အဲဒါတွေ ပေါင်းစပ်သွားတယ်။ အဲဒါကတစ်အချက်။ နှစ်အချက်က ဒီမှာ ဇွန်လ ၂၀ကတည်းက သတိပေးထားတယ်။ လောဘ ပေါ့။ အများကြီးရှာကြတယ်။ ဖြစ်ကြတယ်’’ဟု ‌ပြောကြားခဲ့သည်။
ရေမဆေးကျောက် ရှာဖွေ သူများသည် တားမြစ်ထားသည် ကို မလိုက်နာဘဲ လောဘကြောင့် သေဆုံးရခြင်းဟု ပြောကြားခဲ့ သည့်အပေါ် ဒေသခံများနှင့်အရပ် ဘက်အဖွဲ့အစည်းများက အပြင်း အထန်ဝေဖန်‌နေကြသည်။\u003c/p\u003e\u003cp\u003e\tစုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သော ပြည်ထောင်စုဝန် ကြီး၏ ယင်းမှတ်ချက်သည် ဖားကန့်ဒေသအခြေအနေကို နားမလည်ဘဲ ဌာနဆိုင်ရာများ၏တင်ပြချက်အတိုင်း လက်လွတ်စပယ် ပြောကြားလိုက်ခြင်းဖြစ်သည်ဟု ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောသည်။
‘‘ဌာနဆိုင်ရာတွေကနေ လက်ဦးမှုယူပြီး ဦးအုန်းဝင်းကိုသံ တော်ဦးတင်ထားတဲ့ သဘောမျိုး လို့ပြောလို့ရတယ်။ ကိုအုန်းဝင်း ‌ပြောတာ ဘယ်‌လောက်မှန်တယ်၊ မမှန်ဘူးဆိုတာ ဒေသခံတွေကို မေးကြည့်ရင် အ‌ဖြေပေါ်လိမ့်မယ်’’ဟု ဦးရွှေသိန်းကပြောသည်။
ရေမဆေး ကျောက်ရှာဖွေသူများက မှားယွင်းသည်ဟု ဦးအုန်းဝင်းအနေဖြင့် ယူဆပါကကျောက် စိမ်းတူးဖော်နေသည့် ကုမ္ပဏီများ ၏အမှားကိုပါ နားလည်ရန်လို အပ်သည်ဟု ဦးရွှေသိန်းကမှတ် ချက်ပြုသည်။ရေမဆေးကျောက် ရှာဖွေ သူများသည် လောဘကြောင့် သေဆုံးသည်ဟု ပြည်ထောင်စု ဝန်ကြီး၏မှတ်ချက် ပေါ်ပေါက် လာပြီးနောက် ဒေသခံကချင်တိုင်း ရင်းသူအူးမားရှရီက ‘‘မနေ့ညမှ ရောက်တာလေ။ တော်လိုက်တာ စုံစမ်းရေးအဖွဲ့တွေ။ ဒီနေ့နေ့ တစ်ဝက်နဲ့ အဖြေတန်းရနေပြီ’’ဟု ၎င်း၏လူမှုကွန်ရက်တွင်မှတ်ချက် ပြုဝေဖန်ခဲ့သည်။
‘‘ပြည်ထောင်စုဝန်ကြီးက သေဆုံးသူကိုတောင် အပြစ်တင်လိုက်တာပဲ။ ရေမဆေးတွေက ‌လောဘကြောင့် ဖြစ်တယ်ဆိုရင် ကုမ္ပဏီတွေလည်း လောဘတက် နေတာပဲ။ ဝန်ကြီးအနေနဲ့ ပုဂ္ဂိုလ်ရေးအရ ပြောရမယ့်စကားမဟုတ်ဘူး။ ဥပဒေ‌ဘောင်ထဲကပြောရမှာ’’ဟု ဖားကန့်မြို့နယ်အ‌ခြေစိုက် Green Land သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး အရပ်ဘက်မှ ကို‌နော်လတ်က ပြောသည်။
စုံစမ်းစစ်ဆေးမှုကို အကောင်းဆုံးနှင့် အမြန်ဆုံးဖြစ်အောင် လုပ်ဆောင်သွားမည်ဟုလည်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားထားသည်။‘‘တချို့ဟာတွေကျနှစ်ရှည် လာပြီ။ ပေးတဲ့တာဝန်နဲ့အတိုင်း အတာတစ်ခုအနေနဲ့ နှစ်ရှည်ပြန် ချရမယ်။ နှစ်တိုနဲ့မရဘူး။ အခုမှ ဖြစ်တဲ့ဟာလည်းမဟုတ်ဘူး’’ဟုဆိုသည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ပါဝင်သည့် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီး ဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ‘‘ဖြစ်စဉ်ကိုလေ့လာခွင့်ရ ပြီး ဖြစ်ပွားရာနေရာကိုလည်း ရောက်ရှိခဲ့လို့ လွန်စွာစိတ်မကောင်းခြင်း၊ ဝမ်းနည်းခြင်းနှင့်စာ နာခြင်းများခံစားရပါတယ်။နောင် မဖြစ်ပွားစေဖို့အားလုံး ကိုယ်ချင်းစာစိတ်မေတ္တာစိတ်တွေနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြရပါမယ်’’ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
ဖားကန့်ဖြစ်ရပ်ကို အကောင်းဆုံး အဖြေရှာနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ငြိမ်း ချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေးဖြစ်ရပ်များသည် ဖား ကန့်ဒေသတွင် ရှုပ်ထွေးနေဆဲအ ခြေအနေဟုဖော်ပြထားသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ရေမဆေးကျောက်ရှာဖွေသူများ၊ ကျောက်အ‌ရောင်းအဝယ်ပြု လုပ်သူများ၊ ဒေသခံအရပ်သားများနှင့် လုပ်ငန်းရှင်များပါ တွေ့ဆုံမေးမြန်းနေသည်ကို တွေ့ရှိရ သည်ဟု Green Land အရပ်ဘက်အဖွဲ့မှ ကိုနော်လတ်ကပြော သည်။
Ref ; 7Day

0 comments:

Post a Comment