Monday, July 13, 2020

ဘောလီးဝုဒ်ရဲ့ နာမည်ကျော်မင်းသားကြီး အမီတာဘက်ချန်း၏ ချွေးမနှင့်မြေး ဗိုင်းရပ်စ်ကူးစက်ခံရ

ဘောလီးဝုဒ်ရဲ့ နာမည်ကျော်မင်းသားကြီးအမီတာဘက်ချန်း ချွေးမဖြစ်သူမင်းသမီး Aishwarya Rai Bachchanနဲ့ သူ့ရဲ့သမီးဖြစ်သူ အသက်(၈)နှစ်အရွယ် Aaradhyaတို့မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း သိရပါတယ်။
အမီတာဘက်ချန်းနဲ့သားဖြစ်သူ Abhishek Bachchanတို့ကတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့လို့ စနေနေ့ကပဲဆေးရုံတက်နေကြရပါပြီ။ အခု Abhishek ရဲ့ ဇနီးနဲ့ သမီးမှာပါ ကူးစက်နေပြီဆိုတော့ အမီတာဘက်ချန်းရဲ့ မျိုးဆက်သုံးဆက်လုံးကူးစက်နေပြီလို့ ဆိုရမှာပါ။
မင်းသားကြီးအမီတာဘချန်းဟာ နှစ်ပေါင်းငါးဆယ်ကျော် သရုပ်ဆောင်သက်တမ်းအတွင်း ရုပ်ရှင်ဇာတ်ကားပေါင်း(၂၀၀)ကျော် ရိုက်ကူးထားတဲ့ ဘောလိဝုဒ်ရဲ့အထင်ကရမင်းသားကြီးလည်းဖြစ်ပါတယ်။ သားဖြစ်သူ Abhishek နဲ့ ချွေးမ Aishwarya Raiတို့ကလည်းဘောလီးဝုဒ်ရဲ့ နာမည်ကျော်ကြယ်ပွင့်တွေဖြစ်ပါတယ်။ အသက်(၄၆)နှစ်အရွယ် မင်းသမီး Aishwarya Raiဟာအိန္ဒိယနိုင်ငံမှာရော၊ ပြည်ပမှာပါ ထင်ရှားတဲ့ ဘောလီးဝုဒ်မင်းသမီးတစ်ဦးဖြစ်ပြီး၊ ဟောလီးဝုဒ် နဲ့ ဘောလီးဝုဒ် ရုပ်ရှင်တော်တော်များများမှာ သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ (၈)သိန်း(၈)သောင်းနီးပါး နဲ့ သေဆုံးသူ (၂)သောင်း(၃)ထောင်ကျော်သွားပြီလို့ ဒီကနေ့ Worldometers ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>Zawgyi<<
ဘောလီးဝုဒ်ရဲ့ နာမည်ကျော်မင်းသားကြီး အမီတာဘက်ချန်း၏ ချွေးမနှင့်မြေး ဗိုင်းရပ်စ်ကူးစက်ခံရ
Monday, July 13, 2020
ဘောလီးဝုဒ်ရဲ့ နာမည်ကျော်မင်းသားကြီးအမီတာဘက်ချန်း ချွေးမဖြစ်သူမင်းသမီးAishwarya Rai Bachchanနဲ့ သူ့ရဲ့သမီးဖြစ်သူ အသက်(၈)နှစ်အရွယ် Aaradhyaတို့မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း သိရပါတယ်။
အမီတာဘက်ချန်းနဲ့သားဖြစ်သူ Abhishek Bachchanတို့ကတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့လို့ စနေနေ့ကပဲဆေးရုံတက်နေကြရပါပြီ။ အခု Abhishek ရဲ့ ဇနီးနဲ့ သမီးမှာပါ ကူးစက်နေပြီဆိုတော့ အမီတာဘက်ချန်းရဲ့ မျိုးဆက်သုံးဆက်လုံးကူးစက်နေပြီလို့ ဆိုရမှာပါ။
မင်းသားကြီးအမီတာဘချန်းဟာ နှစ်ပေါင်းငါးဆယ်ကျော် သရုပ်ဆောင်သက်တမ်းအတွင်း ရုပ်ရှင်ဇာတ်ကားပေါင်း(၂၀၀)ကျော် ရိုက်ကူးထားတဲ့ ဘောလိဝုဒ်ရဲ့အထင်ကရမင်းသားကြီးလည်းဖြစ်ပါတယ်။ သားဖြစ်သူ Abhishek နဲ့ ချွေးမ Aishwarya Raiတို့ကလည်းဘောလီးဝုဒ်ရဲ့ နာမည်ကျော်ကြယ်ပွင့်တွေဖြစ်ပါတယ်။ အသက်(၄၆)နှစ်အရွယ် မင်းသမီး Aishwarya Raiဟာအိန္ဒိယနိုင်ငံမှာရော၊ ပြည်ပမှာပါ ထင်ရှားတဲ့ ဘောလီးဝုဒ်မင်းသမီးတစ်ဦးဖြစ်ပြီး၊ ဟောလီးဝုဒ် နဲ့ ဘောလီးဝုဒ် ရုပ်ရှင်တော်တော်များများမှာ သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ (၈)သိန်း(၈)သောင်းနီးပါး နဲ့ သေဆုံးသူ (၂)သောင်း(၃)ထောင်ကျော်သွားပြီလို့ ဒီကနေ့ Worldometers ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
crd-One News Myanmar #Myanmar_Online_News

0 comments:

Post a Comment