Sunday, July 12, 2020

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ဘိန်းဖြူများဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးရာမှ စိတ်ကြွ ရူးသွပ်ဆေးပြားများ ထပ်မံဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ကချင်ပြည်နယ်၊ မိုးညှင်း မြို့နယ်တွင် ဘိန်းဖြူများဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးရာမှ စိတ်ကြွရူးသွပ်ဆေးပြားများ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၁ ရက်နေ့ ၁၃၀၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မိုးညှင်းမြို့၊ မြို့ရှောင်လမ်းရှိ ရ ထားသံလမ်းဂိတ် အနီးသို့ မော်တော်ဆိုင်ကယ်ဖြင့်ရောက်ရှိလာသူ မိုးညှင်းမြို့နယ်၊ အောင်မြေစုစည်းကျေး ရွာနေ ဂမ်အောင် ၃၅ နှစ် အား စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင်တင်ဆောင်လာသော လက်ဆွဲခြင်းအတွင်းမှ ရောင်စုံဆပ်ပြာခွက်များ ဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၉၀ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၆၃ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ပေါ်ပေါက်ချက်အရ အဆိုပါဘိန်းဖြူများအားရောင်းချသူ မိုးညှင်းမြို့၊ အုတ်ကျင်း ရပ်ကွက်နေ မထုလွန်(ခ)မထု ၂၇ နှစ်အား ၁၃၄၅ အချိန်တွင် မြို့ရှောင်လမ်းထိပ်သို့ မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာ၍ စစ်ဆေးရှာဖွေရာ ၎င်းထံမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၅၂၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၄၅.၆ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မိုးညှင်းမြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုများရေးဖွင့်ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
Ref ; CCDAC Myanmar

0 comments:

Post a Comment