Friday, July 24, 2020

၂၀၂၀ ရွေးကောက်ပွဲတွင် လူရော၊ ပါတီပါကြည့်၍ မဲပေးရန် ဒီမိုကရက်တစ်ပါတီ မြန်မာဥက္ကဌ ဦးသုဝေတိုက်တွန်းပြောကြား

၂၀၂၀ရွေးကောက်ပွဲတွင်လူရော၊ပါတီပါကြည့်၍မဲပေးရန်ဒီမိုကရက်တစ်ပါတီမြန်မာဥက္ကဌ ဦးသုဝေတိုက် တွန်းပြောကြားလိုက်သည်။
“စနစ်ကဘယ်လောက်ကောင်းကောင်းလူကောင်းဖို့လိုတယ်လေ။စနစ်မကောင်းရင်တောင်လူကောင်းမှဖြစ်မှာပေါ့။ဆိုလိုတာလူကောင်းဖို့မှန်မှန်ကန်ကန်တိုင်းပြည်ကိုချစ်တတ်တဲ့လူပေါ့ဗျာ။ပါတီတိုင်းကလည်းလူ ကောင်းတွေရွေးဖို့လိုတယ်။အဲဒီလိုလူမျိုးကိုရှာပြီးတော့ရွေးနိုင်ရင်အကောင်းဆုံးပဲလေ။မဲလိုချင်တဲ့လူတွေကတော့မဲဆွယ်မှာပေါ့ဗျာ။ပါတီကိုမကြည့်နဲ့ဆိုလည်းပါတီကိုလည်းကြည့်ရမှာဘဲ။လူကိုလည်းကြည့်ရမှာဘဲ။အကောင်းဆုံးဖြစ်နိုင်ရင်တော့ပိုကောင်းတာပေါ့အဲဒီတော့သေသေချာချာစီစစ်ပြီးတော့ရွေးပါလို့ပြောချင်တယ်”ဟု၎င်းကပြောသည်။
၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင်ဆန္ဒမဲပေးခွင့်ရှိသူ၃၄သန်းရှိပြီး၂၀၂၀ရွေးကောက်ပွဲတွင်၃၇သန်းကျော်ရှိကြောင်းသိရသည်။
လက်ရှိတွင်ဆန္ဒမဲပေးခွင့်ရှိသူများအမည်စာရင်းကိုရွေးကောက်ပွဲကော်မရှင်မှ ဇူလိုင်၂၅ရက်မှသြဂုတ်လရရက်အထိပထမအကြိမ်အဖြစ်ကြေညာမည်ဖြစ်သည်။
“ကျွန်တော်တို့ပါတီက တိုင်းတွေမှာရှိတယ်။ပြည်နယ်မှာမရှိဘူးလေ။အခုကိုယ်စားလှယ်လောင်းစာရင်းတွေတော့ရထားပါပြီ။ပို့နေကြပြီ။ဒါပေမဲ့ကျွန်တော်တို့ပါတီကဝင်ပြိုင်မဲ့နေရာသိပ်မများဘူး။နေရာ၅၀၊၆၀ပဲဗျ။တိုင်းဒေသကြီးတွေမှာ ဝင်ပြိုင်မယ်။ရွေးကောက်ပွဲကတော့ ဝင်သလောက်နိုင်ချင်တာပေါ့ဗျာ။နိုင်မယ်လို့လည်းမြင်ပါတယ်”ဟု ဦးသုဝေကထပ်မံပြောသည်။
Ref ; People Media

0 comments:

Post a Comment