Monday, July 20, 2020

အမရပူရမြို့နယ်ရှိ ရပ်ကွက်များမှ ရေဘေးသင့်ပြည်သူများအား တပ်မတော်နှင့် ပရဟိတ ညီအစ်ကိုမောင်နှမများ ပူးပေါင်းကာ အထောက်အကူပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စစ်ကိုင်း-မန္တလေးကားလမ်းဘေး၌ ဇူလိုင် ၁၉ ရက် ညပိုင်းတွင် ရေဆိုးထုတ်မြောင်းမှတစ်ဆင့် ဧရာ၀တီမြစ်ရေစိမ့်ဝင်ပြီး မြေသားကျွံကျမှုကြောင့် အနိမ့်ပိုင်းရှိ မှန်တန်းရပ်ကွက်၊ ယင်းတော်ရပ်ကွက်၊ ဈေးချိုရပ်ကွက်နှင့် ကြံတန်းရပ်ကွက်များအတွင်းသို့ မြစ်ရေစတင်ဝင်ရောက်ခဲ့ရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ၊ မန္တလေးတပ်နယ်မှ တပ်မတော်သားများ၊ မန္တလေးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ စက်ယန္တရားများဖြင့် မြေဖို့ခြင်း၊ သဲအိတ်များစီခြင်း ကူညီဆောင်ရွက်ခဲ့ပြီး အနိမ့်ပိုင်းရပ်ကွက် ၄ ခုရှိ အိမ်ထောင်စုများအား အမြင့်ပိုင်းနေရာများသို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိသည်။ ထို့အပြင် ရေစိမ့်ဝင်မှု အခြေအနေအား ဆက်လက်စောင့်ကြည့်ခဲ့ရာ ယနေ့နံနက် ၂ နာရီခန့်တွင် ရေစိမ့်ဝင်မှုကြောင့် တာဘောင်ထပ်မံကျိုးကျခဲ့ပြီး လူနှင့် တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရှိရသည်။
ယနေ့နံနက်ပိုင်းတွင် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အဆိုပါတာဘောင်ကျိုးကျခဲ့သည့် နေရာသို့ ထပ်မံသွားရောက်၍ ပြန်လည်ပြုပြင်နေမှုနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ရေဘေးရှောင်ပြည်သူများထားရှိသည့် ယာယီရေဘေးရှောင်စခန်းများသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားပြီး COVID-19 ရောဂါကာကွယ်ရေးအထောက်အကူ ဖြစ်စေရန်အတွက် Mask ၂၅၀၀ ခုနှင့် စားသောက်ရေးအဆင်ပြေစေရန်အတွက် သောက်ရေသန့် ၂၀၀၀ ဘူး၊ ထမင်းထုပ် ၂၀၀၀ ဘူးနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Source : တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment