Tuesday, July 7, 2020

ဧရာဝတီမြစ်ကြောင်းတလျှောက် အနိမ့်ပိုင်း ရေဝင်နိုင်သည့်နေရာများ သတိပြုရန်လိုအပ်

ဧရာဝတီမြစ်ကြောင်းတလျှောက် စိုးရိမ်ရေအမှတ်အထက်ရောက်ရန် ၁၅ ပေမှ ပေ ၂၀ လိုသေးသော်လည်း အနိမ့်ပိုင်းရေဝင်နိုင်သည့်နေရာများ သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကပြောသည်။
ဒေါက်တာကျော်မိုးဦးက “လက်ရှိ ဧရာဝတီမြစ်ရေက မြစ်အထက်ပိုင်းမှာတော့ နည်းနည်းရေတက်နေတယ်ပေါ့။ မြစ်အောက်ပိုင်းတွေက တော့ စိုးရိမ်ရေအမှတ်ရောက်ဖို့အများကြီးလိုသေးတယ်။ အထက်ပိုင်းမှာက မိုးဒီရက်ပိုင်းနည်းနည်းပိုရွာလိုက် တော့ မချမ်းဘောတို့ဘာတို့မှာ မြစ်ရေမြင့်တက်နေတယ်။ ၁၀လက်မလောက်တက်တဲ့အနေအထားရှိတယ်။ မြစ်ကြီးနားကြတော့ ၂ ပေ ၃ ပေလောက်ပဲတက်တယ်။ လောလောဆယ်တော့ ဧရာဝတီမြစ်တစ်လျှောက် စိုးရိမ်ရေအမှတ်ရောက်ဖို့ကတော့ ၁၅ ပေ၊ ပေ ၂၀ လောက်လိုပါသေးတယ်။ အနိမ့်ပိုင်းဒေသတွေကတော့ နွေမှာမြစ်ချောင်းတွေကရေခမ်းတော့ လူတက်နေကြတယ်။ စိုက်ပျိုးကြတယ်။ အခုကတော့ ဒီကာလမှာ အထူး သတိပြုဖို့လိုပါတယ်’’ဟု ပြောသည်။
“မနှစ်က မြစ်ရေချိန်အမှတ်ထက်တော့ ပိုများတာတော့အမှန်ပဲ။ အထက်ပိုင်းတွေမှာ အဓိက မိုးကောင်းနေ တယ်။ ဒီကာလကတော့မြစ်ရေကြီးနေကျကာလပဲ။ ဇူလိုင်လ၊ သြဂုတ်လတို့မှာပေါ့။ နောက်ရက်တွေလည်း မိုးကဆက်ပြီး လိုက်ရွာနေမယ်ဆိုရင်တော့သတိထားရမယ်’’ဟု ဒေါက်တာကျော်မိုးဦးက မြစ်ရေအခြေအနေ အား ထပ်မံပြောသည်။
ဧရာဝတီမြစ်ရေအခြေ အနေသည် မြစ်ကြီးနားတွင် မြစ်ရေအမှတ်ရ၄၉ စင်တီမီတာ၊ ဗန်းမော်တွင်၈၄၁ စင်တီမီတာ၊ ကသာတွင် ၈၆၈ စင်တီမီတာ၊သပိတ်ကျင်းတွင် ၁၁၆၄ စင်တီမီတာ၊ မန္တလေးတွင် ၁၀၀၉ စင်တီမီတာတို့ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင် ၇ ရက်သတင်းထုတ်ပြန်မှုအရ သိရသည်။
crd-PeopleMedia #Myanmar_Online_News
>>Zawgyi<<

crd-PeopleMedia photo- Eleven Media Group #Myanmar_Online_News

0 comments:

Post a Comment