Friday, July 24, 2020

ရန်ကုန်တိုင်းအတွင်း ကားမှန်များကို ရိုက်ခွဲခိုးယူသည့်ဖြစ်စဉ်များ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကားမှန်များကို ရိုက်ခွဲခိုးယူသည့်ဖြစ်စဥ်များ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေပြီး ယာဥ်ပိုင်ရှင်အများစုထိတ်လန့်နေကြောင်း သတင်းရရှိသည်။
သတင်းစုံစမ်းများအရ အဆိုပါဖြစ်စဥ်မျိုး ကျူးလွန်ခံရသည့် ယာဥ်အစီးအရေမှာ စုစု ပေါင်း ငါးစီးဝန်းကျင်အထိရှိပြီး အများစုမှာ အိမ်စီးကားများဖြစ်ကြောင်းသိရသည်။
သင်္ကန်းကျွန်း သီရိဂုဏ်အိမ်ယာ အောင်ရ တနာ ဆေးရုံနားရှိ လမ်းတွင်ရပ်နားထားသည့် ကားကိုမှန်ခွဲပြီး ကားထဲမှ ဝှီးတက်စ်နှင့် နံပါတ်ပြား ခိုးယူသွားသောသူကို စုံစမ်းနေဆဲဖြစ်ကြောင်း သင်္ကန်းကျွန်းရဲစခန်းမှ သိရသည်။
"ကျွန်တော်တို့စုံစမ်းနေဆဲပါပဲ၊ ဘာမှပြောလို့မရသေးဘူး၊ က.ည.နအပါအဝင် သူနဲ့ဆက် စပ်တဲ့ဌာနအားလုံးကို အကြောင်းကြားထားတယ်"ဟုသင်္ကန်းကျွန်းရဲစခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
ကျူးလွန်သူသည် Mark X ၊ Honda Fit နှင့် Honda Civic 2F-ကားအမျိုးအစားကို မှန်ခွဲပြီး ဝှီးတက်စ်အပြင် နံပါတ်ပြားပါဖြုတ်ယူ သွားကြောင်း သိရသည်။ " အခုလို ကားဝှီးတက်၊ကားနဲ့ဆိုင်တဲ့စာရွက်စာ တမ်းခိုးယူခံရတဲ့ တစ်ကယ်ဒုက္ခရောက်တဲ့ယာဥ်ပိုင်ရှင်တွေ ဝန်မပိစေဖို့ က.ည.န အနေနဲ့လဲကူညီနိုင်တဲ့အပိုင်းလေးတွေရှိရင် ကူညီပေးဖို့မေတ္တာရပ်ခံလိုပါတယ်''ဟု ခိုးယူခံရသည့် ကားပိုင်ရှင် အမျိုးသားက ပြောကြားခဲ့ပါတယ်။
ကားပါကင်အလုံအလောက်မရှိခြင်းကြောင့် လမ်းဘေးတွင်ညအိပ်ရပ်နားထားရသည့်အ တွက် ယင်းဖြစ်စဥ်မျိုးဖြစ်ကြောင်း အမှတ် (၂)ယာဥ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် စည်ပင်ပိုင်မြေနေရာမရှိခြင်းကြောင့် ကားပါကင်ဖော်ဆောင်ရန် အစီအစဥ်မရှိသေးကြောင်း သိရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ယာဉ်အစီးရေစုစုပေါင်းသည် ကိုးသိန်းသုံးသောင်းကျော်ရှိပြီး ရန်ကုန်တွင် ငါးသိန်း သုံးသောင်းနီးပါးရှိကြောင်း သိရသည်။
ယင်းအတွက်ကြောင့် ယာဉ်အစီးရေများပြားလာသည်နှင့်အမျှ ယာဉ်ရပ်နားစရာနေရာမှာလည်း ရှားပါးလာကြောင်းသိရသည်။
Ref ; The Fifth Wave News

0 comments:

Post a Comment