Saturday, July 18, 2020

မလေးရှားက လုပ်သားပြဿနာတွေကြောင့် သံရုံးတာဝန်ရှိသူအချို့ အပြောင်းအလဲ လုပ်မည်

မလေးရှားမှာ မြန်မာလုပ်သားတွေ ကိုယ့်ကိုယ်ကို အဆုံးစီရင်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မလေးရှားမှာရှိတဲ့ မြန်မာအစိုးရ အရာရှိအချို့ကို အပြောင်းအလဲပြုလုပ်ဖို့အထိ စီစဥ်ထားတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
“အဓိက တာဝန်ရှိတဲ့သူတွေကို အပြောင်းအလဲ ပြုလုပ်သွားဖို့ စီစဥ်နေတာပါ။မလေးရှားရောက် မြန်မာလုပ် သား တွေမှာတော့ အမျိုးမျိုးရှိပြီး တရားဝင်နဲ့ တရားမဝင် လုပ်သားတွေကို သေချာ စိစစ်ဖို့ လိုအပ်ပါတယ်။ဒါမှ မ ဟုတ်ရင် နောက်ဆက်တွဲပြဿနာတွေ ဆက်လက်ဖြေရှင်းရနိုင်ပါတယ်။”လို့ ဦးဇော်ဌေးက ပြောခဲ့ပါတယ်။
အစိုးရက မလေးရှားနိုင်ငံကနေ မြန်မာလုပ်သားတွေကို ကယ်ဆယ်ရေး လေယာဥ်တွေနဲ့ ပြန်လည်ခေါ်ဆောင် ပေးလျက်ရှိပြီး မြန်မာလုပ်သားတွေအနေနဲ့လည်း သံရုံးကို နည်းလမ်းအမျိုးမျိုးနဲ့ ဆက်သွယ်ဖို့ လိုတယ်လို့ ဦးဇော်ဌေးက အကြံပြုပြောခဲ့ပါသေးတယ်။
“အဓိကကတော့ မလေးရှားသံရုံးကို ဆက်သွယ်ပေးကြပါ။အီးမေးလ်မပြန်နိုင်တာ ဖုန်းမအားတာတွေကြောင့် အဆက်အသွယ်မရခဲ့ရင်လည်း လူမှုကူညီရေးအသင်းတွေ၊နာရေးကူညီမှုအသင်းတွေကနေတဆင့် သတင်း အ ချက်အလက်တွေပေးတာရှိပါတယ်။အဲ့ဒီအဖွဲ့အစည်းတွေကနေတဆင့် ဆက်သွယ်လို့ ရပါတယ်။”လို့ ဦးဇော်ဌေး က ဆက်လက်ပြောပါတယ်။
မလေးရှားမှာအလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေဟာ ကိုဗစ်ကာလမှာ အလုပ်လက်မဲ့ ဖြစ်နေတဲ့အတွက် နေထိုင်စားသောက်မှု အခက်အခဲတွေ ကြုံတွေ့နေရတာကြောင့် မိမိကိုယ်ကို သတ်သေမှု ၁၁မှုထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
အဆုံးစီရင်သွားတဲ့ မြန်မာလုပ်သားတွေက မလေးရှားမှာ တရားမဝင်အလုပ်လုပ်ကိုင်နေကြတဲ့သူတွေဖြစ်ပြီး ကိုဗစ် ကာလမှာတော့ နေ့စဉ်နေထိုင်စားသောက်ရေးတွေမှာ အခက်ကြုံတွေ့နေကြရတဲ့အတွက် စိတ်ဖိစီးမှုတွေကြောင့် အခုလိုတွေ လုပ်သွားကြတယ်လို့ မလေးရှားရောက် မြန်မာလုပ်သားတွေအရေးကူညီဆောင် ရွက်ပေးနေတဲ့ ကပုန်းနာရေးကူညီမှုအသင်း ဥက္ကဌ ဦးစန်းဝင်းက ပြောပါတယ်။
လက်ရှိအချိန်မှာ မလေးရှားနိုင်ငံကနေ နေရပ်ပြန်ဖို့ သံရုံးကို စာရင်းပေးသွင်းထားတဲ့ မြန်မာလုပ်သား ၂ သောင်း ကျော်ရှိတယ်လို့လည်း သိရပါတယ်။
Ref ; Duwun

0 comments:

Post a Comment