Tuesday, July 21, 2020

ရန်ကုန်က ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဒေါ်ထုမေတစ်သီးပုဂ္ဂလအဖြစ်နဲ့ဝင်ပြိုင်မည်ဟု သိရ

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ ဟာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရန်ကုန် တိုင်းဒေသကြီးရဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် တစ်သီးပုဂ္ဂလအဖြစ်ဝင်ပြိုင်သွားမယ်လို့ ၎င်း၏လူမှုကွန်ယက်ပေါ်မှာ ဖော်ပြထားသည်။
၎င်းဟာ ရခိုင်အမျိုးသားပါတီ(ANP) ပါတီမှ ထွက်စာတင်ပြီး ၎င်းရဲ့မိခင်ပါတီဖြစ်တဲ့ ALD ပါတီကိုတရားဝင် ဝင်ရောက်ခွင့်မရှိသေးသောကြောင့် တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်သည်ဟု သတင်း ရရှိသည်။
၂၀၁၄ ခုနှစ်တွင် ရခိုင်ပါတီနှစ်ခုဖြစ်တဲ့ ALD နဲ့ RNDP ပူးပေါင်းပြီး ANP ပါတီဖြစ်လာခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ မှာတော့ ANP နဲ့ ALD ပါတီတို့ဟာ သီးသန့်ရပ်တည်သွားကြခြင်းဖြစ်သည်။
ယခုမှာ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ရခိုင်အမျိုးသားပါတီ(ANP) ပါတီက ဦးဇော်အေးမောင်က တာဝန်ထမ်းဆောင်နေသည်ဟု သိရှိရသည်။
Ref ; May Yu Htar Nay

0 comments:

Post a Comment