Saturday, July 11, 2020

တပ်မတော်-ရေမှ ကျောက်ဖြူမြို့အနီး သံဇစ်မြစ်အတွင်း "ရေဝင်နစ်မြုပ်လျက်ရှိသည့် ခရီးသည်တင် စက်လှေအား ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေး”ခဲ့ကြောင်းသိရ

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့အနီး သံဇစ်မြစ်အတွင်း ခရီးသည်(ကျား) ၇ဦး၊(မ) ၆ဦး ပေါင်း ၁၃ဦးတင်ဆောင်လာသောခရီးသည်တင်လိုင်းဆွဲစက်လှေသည် ကျောက်ဖြူမြို့မှ ဝါးတောင်ကျေးရွာသို့ခုတ်မောင်းလာစဉ် သစ်ပုတ်တောင်ရွာအနီး၌စက်လှေရှိ ပန်ကာနှင့် ငါးဖမ်းပိုက်များငြိ၍ ပြုတ်ထွက်ကာ ရေများဝင်ရောက်နစ်မြုပ်မှု ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ သတင်းရလျှင်ရခြင်း အနီးရှိ တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် ရေဝင်နစ်မြုပ်လျက်ရှိသော လှေပေါ် ရှိခရီးသည်များအား ဒေသခံလှေငယ်များဖြင့် ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ကာ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီး လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကာ သက်ဆိုင်ရာကျေးရွာများသို့ ဘေးကင်းစွာ လွဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Crd : Mg Moe'Fb #Myanmar_Online_News

0 comments:

Post a Comment