Friday, July 10, 2020

ကိုဗစ်တားဆီးရေး အလုံပိတ်ကန့်သတ်မှုများအတွင်း ပိတ်မိနေသူများအကြောင်း ဖြေကြားခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားကို မလေးရှား ဝရမ်းထုတ်

အယ်ဂျားဇီးယားသတင်းဌာန၏ အငြင်းပွားဖွယ် အလုံပိတ်ကန့်သတ်မှုများအတွင်း ပိတ်မိနေခြင်းမှတ်တမ်းရုပ်သံ တွင် တွေ့ဆုံမေးမြန်းမှုလက်ခံဖြေကြားခဲ့သည့် မလေးရှားရောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ယောက်ကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက လိုက်လံရှာဖွေနေသည်။
ကွာလာလမ်ပူတွင်နေထိုင်ခဲ့သည့် အသက် ၂၅ နှစ်အရွယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေဟန် ကဘားကိုရှာဖွေရန် ထိုဌာနက ဇူလိုင် ၈ ရက်တွင် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ စစ်ဆေးမေးမြန်းရန် ၀ရမ်းထုတ်ခဲ့သည်။
ကာတာအခြေစိုက်အယ်ဂျားဇီးယား၏ သတင်းမှတ်တမ်းရုပ်ရှင်တွင်ဖြေကြားခဲ့သူများထဲ၌ ကဘားပါဝင်သည်။ အသွားအလာထိန်းချုပ်မိန့်ထုတ်ထားစဉ် တရားမဝင်ရွှေ့ပြောင်းအခြေချသူများကို ထိန်းသိမ်းရန် တရားဥပဒေ စိုးမိုးရေးအေဂျင်စီများ၏ အကြီးအကျယ်စစ်ဆင်ရေးများပြုလုပ်ခဲ့ခြင်းကြောင့် မလေးရှားအစိုးရကို သူက ပုတ် ခတ်ပြောဆိုခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါဝင်သည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင်လုပ်ကိုင်ရန်အလုပ်လုပ်ခွင့်ရထားသည့်ကဘားက နိုင်ငံတကာနှင့် ပြည် တွင်းရ်ုပရှင်များကိုဖြန့်ချိပေးနေသည့်နိုင်ငံတကာလက်ကားစီးပွားရေးလုပ်ငန်းပါဝင်သည့် ကုမ္ပဏီတစ်ခု၏ အရောင်းမြှင့်တင်ရေးဌာနအကြီးအကဲဟု ရုပ်သံတွင်ပြောဆိုထားသည်။
မလေးရှားနိုင်ငံ၏ပုံရိပ်ကိုထိခိုက်စေသည့်ပြောဆိုချက်အမှားများပြုလုပ်သည့်နိုင်ငံခြားသားများကို နေထိုင် ခွင့်ရုတ်သိမ်းသွားမည်ဟု လူဝင်မှုကြီးကြပ်ရေးညွှန်ကြားရေးမှူးချုပ်ဒါတွတ် ခိုင်ရူဇိုင်မီးဒေါ့က ထုတ်ပြန်ချက်တွင် ပြောသည်။
crd-PeopleMedia #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment