Sunday, July 12, 2020

တောင်ပေါ်တက်ကာ ခုန်ချသေဆုံးမှုများရှိလာသည့်အတွက် ဇွဲကပင်တောင်ကို တစ်ဦးတည်းတက်ခွင့်အား ကန့်သက်

ဇွဲကပင်တောင်မှာ တက္ကသိုလ် ကျောင်းသားနှစ်ဦး တောင်ပေါ်က ခုန်ချသေဆုံးခဲ့ပြီးတဲ့နောက် ဒီလိုဖြစ်ရပ်မျိုးထပ်မဖြစ် အောင် ပြည်နယ်အစိုးရက စီမံနေပါပြီ။
တောင်ပေါ်ကိုတက်မယ့်သူတွေကို စာရင်းကောက်တာ ၊ တစ်ယောက်တည်းပေးမတက်တာ တွေကိုလုပ်ဆောင်မယ်လို့ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်က ပြောပါတယ်။
ဒါအပြင် ဇွဲကပင်တောင်ဆရာတော်တွေ ၊ ဂေါပက အဖွဲ့တွေ ၊ ဒေသခံရွာသားတွေ နဲ့တိုင်ပင်ဆွေးနေကာ ဇွဲကပင်တောင်ကို တက်ရာမှာ လိုက်နာရမယ့်စည်းမျည်းစည်းကမ်းတွေကို ချမှတ်သွားဖို့ ရှိတယ်လို့ ဝန်ကြီးက ဆိုပါတယ်။
ဒါ့အပြင် ဇွဲကပင်တောင်ပေါ်က ခုန်ချမှုတွေ အဖြစ်များတတ်တဲ့နေရာတွေကို စေတနာ့ဝန်ထမ်းအဖွဲ့တွေထားရှိသွားမယ်လို့ လူမှုရေးဝန်ကြီးစောဘိုဘိုဝေမောင်က ဆိုပါသေးတယ်။
ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်အတွင်းက တက္ကသိုလ်ကျောင်းသူတစ်ဦး ဇွဲကပင်တောင်မှာ ခုန်ချ သေဆုံးခဲ့ပြီး မနေ့က တက္ကသိုလ်ကျောင်းသားတစ်ဦး ထပ်မံ ခုန်ချသေဆုံးခဲ့ပါတယ်။
အလားတူဖြစ်စဉ်မျိုး ပြီးခဲ့တဲ့၂၀၁၆ ခုနှစ်ကလည်း ဇွဲကပင်တောင်ထိပ်ပေါ်မှာ ပြင်သစ်နိုင်ငံသားတစ်ဦး ခုန်ချသေဆုံးသွားတဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
ဇွဲကပင်တောင်ဟာ ကရင်ပြည်နယ်ရဲ့အထင်ကရ နေရာတစ်ခုဖြစ်ပြီး ကိုဗစ်ကာလအတွင်း လက်ရှိ မိုးရာသီမှာပင် လာရောက်လည်ပတ်ကြသူတွေရှိနေကြတာပါ။
Crd : 7 Day

0 comments:

Post a Comment