Sunday, July 5, 2020

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် (၂၀)ဘီးယာဉ်တွဲကားတစ်စီး ဘီးပေါက်၍ တိမ်းမှောက်မှုဖြစ်ပွား

ယနေ့ ၅.၇.၂၀၂၀ ရက်နေ့၊ (၁၃ ၃၀)ချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော် ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် (၂၉၄/၃) နှင့်(၂၉၄/၄)အကြားတွင် ပြောင်းဖူးအိတ်များတင်ဆောင်လာသည့် (၂၀)ဘီးယာဉ်တွဲကား(အဖြူရောင်)ယာဉ်သည် ဘီးပေါက်၍တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပျော်ဘွယ်မြို့နယ်မီးသတ်စခန်း နှင့် ယင်းတော်နယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ဆယ် ရှင်း လင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရှိခဲ့ပါသည်။

0 comments:

Post a Comment