Monday, July 13, 2020

ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ကျေးရွာရှိ နေအိမ်တစ်လုံး မီးရှို့ဖျက်ဆီးခံရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ကျေးရွာ၊ ရပ်ကွက်(၃)တွင် နေထိုင်သူ ရီရှီးဒူလာ(ဘ)အာဘူဘာဆဲလ်၏နေအိမ်ကို ဇူလိုင် ၁၀ ရက်နံနက်ပိုင်းတွင် တစ်ရွာတည်းနေသူ ၂ ဦးက အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဖုံညိုလိပ်ကျေးရွာ၊ ရပ်ကွက်(၃)တွင်နေထိုင်သူ ရီရှီးဒူလာ(ဘ) အာဘူဘာဆဲလ်၏နေအိမ်ကို ဇူလိုင် ၁၀ ရက် နံနက် ၁ နာရီခန့်တွင် တစ်ရွာတည်းနေ မာမွတ်ဆီဒီး(ဘ) အဒူဆာလောင်နှင့် အဲယ်ဆောင်ဟူလာ(ဘ)လာမီရာတို့ ၂ ဦးက နေအိမ်အောက်ထပ် ဝရန်တာတွင် ကောက်ရိုးပုံ၍ဓာတ်ဆီလောင်းမီးရှို့ပြီး ရွာလမ်းအတိုင်းအရှေ့ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း၊ မီးလောင်မှုကို ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ကောက်ရိုးပုံ၏အောက်၌ မကွဲသေးသည့် တပ်မတော်သုံး ၆၀ မမဗုံးသီး ၁ လုံးအား တွေ့ရှိခဲ့ရကြောင်း၊ အိမ်ပိုင်ရှင် ရီရှီးဒူလာသည် ကျေးရွာတွင် ရိုးသားစွာလုပ်ကိုင်စားသောက်သူတစ်ဦးဖြစ်သော်လည်း တပ်မတော်စစ်ကြောင်းများအား ကူညီဖူးသူဖြစ်ခြင်းကြောင့် နေအိမ်ကိုမီးလောင်ပေါက်ကွဲစေရန်နှင့် ဗုံးသီးမှာ တပ်မတော်မှပစ်ခတ်ခြင်းကြောင့် ပေါက်ကွဲသည်ဟု ထင်ယောင်ထင်မှားဖြစ်စေရန်ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း သိရှိရသည်။
မီးရှို့ထွက်ပြေးသူ ၂ ဦးအား ဖမ်းဆီးရမိခြင်းမရှိဘဲ ၎င်းတို့နှင့်ဆက်စပ်သည့် ရပ်ကွက်(၁)မှ ရှုကူလာ (ဘ)ရှိုင်းဒါမောက်နှင့် အဏ္ဏဝါဆာဒတ်(ဘ) ရော်ဘီအာမောက်တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်သွယ်ခေါ်ယူရာ အဏ္ဏဝါဆာဒတ်သာတွေ့ရှိပြီး လာရောက်အဖမ်းခံကြောင်း၊ ၎င်းအား စစ်ဆေးမေးမြန်းချက်အရ မီးရှို့ထွက်ပြေးသူ မာမွတ်ဆီဒီးနှင့် အဲယ်ဆောင်ဟူလာတို့မှာ AA အကြမ်းဖက်သောင်းကျန်းသူများဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ မတ်လမှစတင်၍ မာမွတ်ဆီဒီး ဦးဆောင်ကာ ကျေးရွာအတွင်း ငွေကြေးကောက်ခံခြင်း၊ ကောက်ခံရရှိသောငွေနှင့် ရိက္ခာပစ္စည်းများအား AA အကြမ်းဖက်သောင်းကျန်းသူများ ချိန်းဆိုသောနေရာများသို့ သွားရောက်ပို့ဆောင်ခြင်း၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ၌ ဖုန်ညိုလိပ်တံတားအနီး မိုင်းထောင်ရာတွင်ပါဝင်ကူညီခြင်း၊ တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်နေထိုင်သောရွာသားများ၏ ကျွဲ၊ နွားများအား ခိုးယူ၍ AA အကြမ်းဖက်သောင်းကျန်းသူများထံသို့ရောင်းချကာ ရရှိငွေအား ဝေစုခွဲရယူခြင်းအပြင် တပ်မတော်စစ်ကြောင်းများ၏သတင်းများ AA အကြမ်းဖက် သောင်းကျန်းသူများထံသို့ပေးပို့ရခြင်း၊ မိုင်းထောင်ရာတွင် လိုက်ပါကူညီရခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း ပဏာမဝန်ခံထွက်ဆိုခဲ့သည်။
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဘူးသီးတောင်၊ ရသေ့တောင်နှင့်မောင်တောမြို့နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာအချို့မှ ရွာသားအမာခံများ မွေးမြူ၍ ဖြစ်စဉ်ပါ တပ်မတော်အပေါ်အထင်အမြင်လွဲမှားစေရေး အသုံးချဆောင်ရွက်သလို ၎င်းတို့အတွက် ရိက္ခာနှင့်ငွေကြေးများကိုလည်း အဓမ္မခြိမ်းခြောက်ရယူလျက်ရှိကြောင်း ပဏာမစစ်ကြောချက်အရ သိရှိရ၍ AA အကြမ်းဖက်သောင်းကျန်းသူများ၏အမာခံများ ကျေးရွာများအလိုက် အခြေမခံနိုင်စေရေး သတင်းဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
>>Zawgyi<<

0 comments:

Post a Comment