Sunday, July 19, 2020

ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့သည် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ချိုးဖောက်မှုများနှင့် ပတ်သက်၍ နှစ်နိုင်ငံမှ သံတမန်များကိုဆင့်ခေါ်

ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့သည် ကတ်ရှမီးယားဒေသရှိ ထိန်းချုပ်ရေးလိုင်း (LoC) တစ်လျောက် စစ်ဘက်ဆိုင်ရာအပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့သည်ဟု တစ်ဘက်နှင့်တစ်ဘက်စွပ်စွဲခဲ့ကြပြီး ဇူလိုင်လ ၁၈ ရက်နေ့တွင် နှစ်နိုင်ငံလုံးမှ သံတမန်များကို ဆင့်ခေါ်ခဲ့ကြပါသည်။
ပါကစ္စတန်မှ ကတ်ရှမီးယားဒေသရှိထိန်းချုပ်ရေးလိုင်း (LoC) တစ်လျောက်တွင် အိန္ဒိယတပ်ဖွဲ့များမှ အပစ်အခတ်ရပ်စဲရေးချိုးဖောက်ခဲ့ခြင်းအပေါ် ဆွဲချက်တင်ရန် အတွက် အိန္ဒိယနိုင်ငံအကြီးတန်းသံတမန်ကိုတစ်ဦးကိုဆင့်ခေါ်ခဲ့ကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးမှ ထုတ်ပြန်ကြေညာချက်တစ်ခုတွင် ဖော်ပြထားပါသည်။
ဇူလိုင်လ ၁၇ ရက်နေ့တွင် ထိန်းချုပ်ရေးလိုင်း (LoC) ၏ Rakhchikri နှင့်Baroh sector များတွင် အိန္ဒိယစစ်သားများမှ ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ မှတ်ချက်ပြုခဲ့ပါ သည်။
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံသည် ယခုနှစ်အတွင်း အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုပေါင်း ၁၆၉၇ ခုကို ကျူးလွန်ခဲ့ပြီး အရပ်သား ၁၄ ဦးသေဆုံးခဲ့ပြီး ၁၃၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
အိန္ဒိယ၏ စစ်ရေးအရအရေးယူမှုများကို ရှုတ်ချခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းမှာ အလွန်ဆိုးရွားသောလုပ်ရပ်ဖြစ်ကြောင်း ချမှတ်ထားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစံနှုန်းများနှင့် ကျွမ်းကျင်သောစစ်ရေး ဆောင်ရွက်ချက်များကို ဆန့်ကျင်နေကြောင်း ပါကစ္စတန်နိုင်ငံမှ ပြောကြားခဲ့ပါသည်။
ထိန်းချုပ်ရေးလိုင်း (LoC) တစ်လျောက် အခြေအနေများကို ပိုမိုဆိုးရွား လာစေရန်ကြိုးစားနေသော အိန္ဒိယတပ်မတော်သည် နိုင်ငံတကာဉပဒေကို ချိုးဖောက်နေကြောင်းနှင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးတိုကို ခြိမ်ခြောက် နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
တစ်ဆက်တည်းတွင် အိန္ဒိယနိုင်ငံသည် ဇူလိုင်လ ၁၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မတာ်တဆမှုကြောင့် ပါကစ္စတန်နိုင်ငံ ဗဟိုကော်မရှင်ကို ဆင့်ခေါ်သည့် တရာဝင်ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပါသည်။
ပါကစ္စတန်နိုင်ငံ ဗဟိုကော်မရှင်ကို ယနေ့တွင်ဆင့်ခေါ်ခဲ့ပြီး ၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ည တွင် ပါသစ္စတန်တပ်ဖွဲ့များ၏ အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုများ ကြောင့် ကလေးများအပါအဝင် အရပ်သား ၃ ဦးသေဆုံးခြင်းအပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြောင်း အိန္ဒိယနိုင်ငံနိုင်ငံခြားရေးဝန်ကြီးမှ ပြောကြား ခဲ့ပါသည်။
ယခုနှစ်တွင် ပါကစ္စတန်သည် အပစ်အခတ်ရပ်စဲရေးချိုးဖောက်မှုများကြောင့် အိန္ဒိယလူမျိုး ၂၁ ဦးသေဆုံးခဲ့ပြီး ၉၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ချိုးဖောက်မှုပေါင်း ၂၇၁၁ ခုကို ကျူးလွန်ခဲ့ကြောင်း ဖော်ပြထားပါသည်။
နှစ်နိုင်ငံသည် (LoC) ကို ၂၀၁၃ ခုနှစ်တွင် နယ်နိမိတ်တစ်လျောက်အပစ်အခတ်ရပ်စဲရေးကို ကြောငြာခဲ့ပြီး နှစ်ဖက်လုံးမှ အပစ်အခတ်ရပ်စဲရေးချိုးဖောက်မှုများအပေါ် တစ်ဘက်ကို တစ်ဘက် အပြန်အလှန် စွပ်စွဲမှုများရှိနေခဲ့ပါသည်။
source-CGTN #Myanmar_Online_News
>>Zawgyi<<
ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့သည် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ချိုးဖောက်မှုများနှင့် ပတ်သက်၍ နှစ်နိုင်ငံမှ သံတမန်များကိုဆင့်ခေါ်ခဲ့

0 comments:

Post a Comment