Wednesday, July 22, 2020

ဖားကန့်တွင် ရေမဆေးကျောက်ရှာသူ ၁ ဦး ထပ်မံ သေဆုံး

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်ဒေသ၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဂျမ်ဂါကျေးရွာအနီး မြေစာပုံတွင် ယမန်နေ့က ရေမဆေးကျောက်ရှာဖွေသူ အမျိုးသားတစ်ဦး ထပ်မံ သေဆုံးခဲ့ကြောင်း ဖားကန့်မြို့မရဲစခန်းက သိရသည်။
သေဆုံးသူမှာ ဆိပ်မူကျေးရွာအုပ်စု၊ ဂျမ်ဂါကျေးရွာနေထိုင်သူ ဦးရှမ်း(ခ) မရှမ်းမ အသက် (၄၇)၊ (ဘ) ဦးအောင်ခမ်း ဆိုသူဖြစ်ပြီး ၎င်း ဇူလိုင်လ ၂၁ ရက်၊ နံနက် (၉)နာရီ အချိန်ခန့်တွင် အဆိုပါ နေရာ၌ ရေမဆေးကျောက် ရှာဖွေ နေစဉ် မိုးသည်းစွာ ရွာသွန်းခဲ့သဖြင့် ရေစီးချောင်း (ဒေသအခေါ် မျှောချောင်း)တွင် ရေစီးနှင့်အတူ မျှောပါသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာသို့ တာဝန်ရှိသူများ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ရာ သေဆုံးသူ ဦးရှမ်းတွင် မျက်နှာပွန်းပဲ ဒဏ်ရာ၊ နှာခေါင်းသွေးထွက် ဒဏ်ရာ၊ လက်ပွန်းပဲဒဏ်ရာ၊ ခြေသလုံးပွန်းပဲ ဒဏ်ရာများ တွေ့ရှိရပြီး ရုပ်အလောင်းအား တာဝန်ရှိသူများက ဝှေခါလူမှုကူညီရေးအသင်း အကူအညီဖြင့် ဝှေခါတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
crd- ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် #Myanmar_Online_News
>>Zawgyi<<
ဖားကန့်တွင် ရေမဆေးကျောက်ရှာသူ ၁ ဦး ထပ်မံ သေဆုံး
Wednesday, July 22, 2020
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်ဒေသ၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဂျမ်ဂါကျေးရွာ အနီး မြေစာပုံတွင် ယမန်နေ့က ရေမဆေး ကျောက်ရှာဖွေသူ အမျိုးသားတစ်ဦး ထပ်မံ သေဆုံးခဲ့ကြောင်း ဖားကန့်မြို့မရဲစခန်းက သိရသည်။
သေဆုံးသူမှာ ဆိပ်မူကျေးရွာအုပ်စု၊ ဂျမ်ဂါကျေးရွာနေထိုင်သူ ဦးရှမ်း(ခ) မရှမ်းမ အသက် (၄၇)၊ (ဘ) ဦးအောင်ခမ်း ဆိုသူ ဖြစ်ပြီး ၎င်း ဇူလိုင်လ ၂၁ ရက်၊ နံနက် (၉)နာရီ အချိန်ခန့်တွင် အဆိုပါ နေရာ၌ ရေမဆေးကျောက် ရှာဖွေ နေစဉ် မိုးသည်းစွာ ရွာသွန်းခဲ့သဖြင့် ရေစီးချောင်း (ဒေသအခေါ် မျှောချောင်း)တွင် ရေစီးနှင့်အတူ မျှောပါ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာသို့ တာဝန်ရှိသူများ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ရာ သေဆုံးသူ ဦးရှမ်းတွင် မျက်နှာပွန်းပဲ ဒဏ်ရာ၊ နှာခေါင်းသွေးထွက် ဒဏ်ရာ၊ လက်ပွန်းပဲဒဏ်ရာ၊ ခြေသလုံးပွန်းပဲ ဒဏ်ရာများ တွေ့ရှိရပြီး ရုပ်အလောင်းအား တာဝန်ရှိသူများက ဝှေခါလူမှုကူညီရေးအသင်း အကူအညီဖြင့် ဝှေခါတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
crd- ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် #Myanmar_Online_News

0 comments:

Post a Comment