Thursday, July 16, 2020

ဦးပိန်တံတားရှိ တိုင်လုံး ၈လုံး ကြံခိုင်မှုအားနည်းနေမှုကြောင့်ပြုပြင်မည်

မန္တလေးမြို့ အမရပူရမြို့နယ်ရှိ ကမ္ဘာ့အရှည်ဆုံး သစ်သားတံတားဖြစ်သည့်ဦးပိန်တံတားရှိ တိုင်လုံး ၈ လုံး ကြံခိုင်မှုအားနည်းနေမှုကြောင့် ပြုပြင်မည်ဖြစ်ကြောင်း တံတားပြုပြင်ထိန်းသိမ်းရေးအဖွဲ့မှအတွင်းရေးမှူး ဦးစိုးဝင်းထံကပြောသည် ။
ပြုပြင်ထိန်းသိမ်းရန်လိုအပ်နေသော တံတားပေါ်ရှိအခန်း(၅) ခန်းမှာ အခန်းအမှတ် ၁၅၁ ၊ ၁၅၂ ၊ ၁၅၃ ၊ ၁၅၄ ၊ ၁၅၅တို့တွင်ရှိသော တိုင်လုံးများဖြစ်ပြီး ယင်းတို့မှာ သဘာဝဘေးအန္တရာယ်များကြောင့် ကြံ့ခိုင်မှု အားနည်းနေကြောင်းသိရသည် ။
" ကျန်တဲ့တိုင်တွေကတော့ ကောင်းတယ် ၊ ခဏကပြောတဲ့ နေရာတွေမှာရှိတဲ့ တိုင်တွေပဲ နည်းနည်း ကြံ့ခိုက်မှုအားနည်းနေတာ ၊ တိုင်လုံးတွေကရောက်ပြီ ရေကျသွားချိန်မှပြင်လို့ရမှာ " ဟု ဦးစိုးဝင်းကပြောသည် ။
မိုးတွင်းကာလအတွင်းတွင် ဦးပိန်တံတားရေတက်ချိန်၌ ပြုတ်ကျ လိမ့်ကျမှုများ ဖြစ်ပွားတတ်ပြီး သေဆုံးသူ များလည်း လည်း ရှိကြောင်းသိရသည် ။ ဒါအပြင် တံတားပေါ်မှ မူးပြီးပြုတ်ကျသူများ ရေနစ်သေဆုံးသူများ ထိခိုက်ဒဏ်ရာရရှိသူ နှစ်စဉ်နှစ်တိုင်း ဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။
လက်ရှိတွင် ဦကိုဗစ်ရောဂါကြောင့် လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် ဦးပိန်တံတားအား ဖြတ်သန်းသွား လာခွင့်ကို ဧပြီလမှစတင်ကာ ပိတ်ပင်ထားခဲ့သည် ။
နှစ် ၁၆၀ ကျော် သက်တမ်း ရှိ ဦးပိန်တံတားသည် ကာလ ကြာမြင့်လာသဖြင့် ဆွေးမြည့် ပျက်စီးလာရာ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်း ငါးကြိမ်ပြုလုပ်ခဲ့ သည်။
တံတားကို မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ်၊ ပုဂံမင်းလက်ထက်က အင်းဝမြို့တော်ဟောင်းမှ ကျွန်းတိုင်များဖြင့် အမရပူရမြို့ဝန်ဘိုင်ဆပ်၏ တပည့်ဖြစ်သူ မြို့စားရေးဦးပိန်မှ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီးအရှည်အားဖြင့် ၃၉၈၇ ပေရှည်လျားကာ၊စတင်တည်ဆောက်စဉ်က တိုင်ပေါင်း ၁၀၈၆ တိုင်၊ အခန်းပေါင်း ၄၈၂ ခန်းရှိခဲ့သည်။ သို့သော်လည်း သဘာဝဘေးအန္တရယ်များကြောင့် ယခုအခါ အခန်းပေါင်း ၄၄၇ ခန်းသာ ရှိတော့သည်။
Ref ; The Fifth Wave News

0 comments:

Post a Comment