Saturday, July 25, 2020

ကမ္ဘာတွင် ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံခံယူလိုခြင်းကြောင့် ပြောင်းရွှေ့နေထိုင်မှုလှိုင်းသစ်ဖြစ်ပေါ်နိုင်ဟု နိုင်ငံတကာကြက်ခြေနီအကြီးအကဲ သတိပေး

ကိုရိုနာဗိုင်းရပ်စ်ရောဂါကပ်ဆိုးနှင့် ဆက်နွယ်သည့် ဆင်းရဲမွဲတေမှုများမှ လွတ်မြောက်လိုသူ အများအပြားတို့သည် နိုင်ငံတကာနယ်နိမိတ်များကို ပြန်ဖွင့်လိုက်သည်နှင့်တပြိုင်နက် ချမ်းသာသော နိုင်ငံကြီးများဆီသို့ အလုံးအရင်းနှင့် လှိမ့်ဝင်လာနိုင်ကြောင်း၊ ဗိုင်းရပ်ကာကွယ်ဆေးထိုးနှံခံလိုခြင်းကလည်း အဆိုပါ ရွှေ့ပြောင်းနေထိုင်သူများတို့အတွက် တွန်းအားတစ်ခုဖြစ်လာနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီ အဖွဲ့ (IFRC) ၏အကြီးအကဲ ဂျာဂန်ချာပါဂင်က သတိပေးလိုက်သည်ဟု Russia Today က ယမန်နေ့ ရေးသားသည်။
ကြာသပတေးနေ့တွင် AFP သတင်းဋ္ဌာနနှင့် တွေ့ဆုံစဉ် IFRC အကြီးအကဲက ပွင့်ပွင့်လင်းလင်း မှတ်ချက်ပေးရာ၌ ရောဂါကူးစက်မှု တားဆီးကာကွယ်ရန် နယ်ခြားဖြတ်သန်းမှုများ ရပ်ဆိုင်းရခြင်း၊ Lockdown တားဆီးပိတ်ဆို့ ခြင်းများပြုလုပ်ရခြင်းဖြင့် ကမ္ဘာကြီး၏ နေရာအနှံ့အပြားအများစုအား ဆင်းရဲမွဲတေခြင်း ချောက်ကမ်းပါးသို့ တွန်းပို့ခဲ့ပြီးဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ေရာဂါနှင့် ငတ်မွတ်ခေါင်းပါးမည့်အန္တရာယ်တို့မှာ ၎င်းတို့အား ကြံရာမရ ရွေးချယ်ရသည့်အခြေအနေရောက်ေအာင် ဖန်တီးလိမ့်မည်သာဖြစ်ကြောင်း၊ အသက်မွေးအလုပ်အကိုင် ဆုံးရှုံးနေကြရသူတို့အနေဖြင့် နယ်ခြားဖြတ်သန်းမှုများ စတင်ဖွင့်လှစ်ပေးစေလိုသည်ဟု ကြားသိနေရကြောင်း၊ ထိုအတွက် လာမည့်နှစ်များ သို့မဟုတ် လအနည်းငယ်အတွင်း၌ပင် “ အလုံးအရင်းဖြင့် ရွှေ့ပြောင်းနေထိုင်မှု ဖြစ်ရသည် “ ဆိုလျှင် အံ့သြစရာ မရှိကြောင်း ပြောဆိုသည်။
သို့သော် ရွှေ့ပြောင်းနေထိုင်သူများကို သက်ဆိုင်ရာမိခင်နိုင်ငံမှ ထွက်ခွာခြင်းမတိုင်မီ ကိုင်တွယ်ဖြေရှင်းနိုင်ပါက ရွှေ့ပြောင်းအခြေချမှုအလားအလာ ပြဿနာကိုရှောင်ရှား သို့မဟုတ် လျှော့ချနိုင်လိမ့်မည်ဖြစ်ေကြာင်း၊ အခြေချနေထိုင်ကြရန် အလုံးအရင်းဖြင့် ထွက်ခွာလာကြပြီး လမ်းခုလတ်ရောက်မှ ဖြေရှင်းရလျှင် ကုန်ကျစရိတ်သည် ၎င်းတို့ သက်ဆိုင်ရာနိုင်ငံများ၌ အသက်မွေးအလုပ်များ၊ ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရသည်ထက် အဆပေါင်းများစွာ ပိုမိုကြောင်း၊
အလားတူပြောရလျှင် ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ် ဥရောပတိုက်သို့ ရွှေ့ပြောင်းအခြေချသူ အလုံး အရင်းဖြင့် ဝင်ရောက်လာသည့်အတွက် နိုင်ငံအချင်းချင်း ခေါင်းဆောင်များအကြား အငြင်းပွားမှုများဖြစ်ပေါ်ခဲ့ရကြောင်း၊ ထိုစဉ်က ခိုလှုံခွင့်တောင်းခံသူများအတွက် အဓိက ဦးတည်ရာဂျာမနီနိုင်ငံသည် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကတစ်လျှောက်၌ ပြန်လည်တည်ဆောက်ရေးအစီအစဉ်များအတွက် ဒေါ်လာ သန်းပေါင်းများစွာ အကူအညီပေးရန် ကတိပြုခဲ့ရသည်။
လာမည့် ရွှေ့ပြောင်းအခြေချမှုလှိုင်းလုံး၏ နောက်ကွယ်ရှိ အခြားမောင်းနှင်အားတစ်ခုမှာ လောလောဆယ်၌ပင် ကမ္ဘာတစ်ဝှမ်း လူပေါင်း ၁၅.၅ သန်းကျော် ကူးစက်ခံရပြီး ၆၃၃,၀၀၀-ဦးကျော် အသက်ဆုံးရှုံးစေခဲ့သည့် ကူးစက်ကပ်ရောဂါနှင့်လည်း ဆက်စပ်လျှက်ရှိသည်။
IFCR အကြီးအကဲက မည်သည့်နိုင်ငံများဖြစ်သည်ဟု တိုက်ရိုက်ဖော်ပြခြင်း မပြုသော်လည်း “ ဘဝရှင်သန်ရပ်တည်ရေးအတွက် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများသည် ပင်လယ်၏အခြားတစ်ဖက်တွင် ရှိနေသည်” ဟု ခံစားရခြင်းမှာ ရွှေ့ပြောင်းအခြေချရန် အလားအလာများဖြစ်ကြောင်း၊ ဦးတည်ရာအရပ်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်ဆေးရရှိနိုင်လိမ့်မည်ကို အခြေခံလျှက် ထိုသို့ရွှေ့ပြောင်းကြရန် ဆုံးဖြတ်ကြလိမ့်မည်ဖြစ်ကြောင်း၊
အကယ်၍ ကာကွယ်ဆေးသည် ဥရောပတွင်သာရှိနေပြီး အာဖရိကတွင် မရရှိနိုင်ပါက ဆေးဝါးသိုလှောင်ထားဖွယ်ရှိသည့် နိုင်ငံများသို့ ဦးတည်ရွှေ့ပြောင်းကြမည်ဖြစ်ကြောင်း၊ ကိုယ့်လူများအား ကာကွယ်ဆေးထိုးနှံထားယုံနှင့် လုံခြုံပြီဟု ထင်မှတ်နေသူများအတွက် နယ်နိမိတ်ဖြတ်ကျော် သွားလေ့ရှိသည့် ဗိုင်းရပ်စ်သဘာဝကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများ ( မိမိတို့ နယ်စပ်၌ ရောက် ရှိနေသည်ကို ) မြင်တွေ့ရန် အချိန်မဝေးတော့ကြောင်း၊ မိမိနိုင်ငံပြီးလျှင် ကာကွယ်ဆေး အရံသိုလှောင်ထားမည်ဟု ပြောဆိုနေသောနိုင်ငံများအား အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီ အဖွဲ့ (IFRC) ၏အကြီးအကဲ ဂျာဂန်ချာပါဂင်က သတိပေးလိုက်သည်။
crd-Oung Marine #Myanmar_Online_News
>>Zawgyi<<
ကမ္ဘာတွင် ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံခံယူလိုခြင်းကြောင့် ပြောင်းရွှေ့နေထိုင်မှုလှိုင်းသစ်ဖြစ်ပေါ်နိုင်ဟု နိုင်ငံတကာကြက်ခြေနီအကြီးအကဲ သတိပေး
Saturday, July 25, 2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါကပ်ဆိုးနှင့် ဆက်နွယ်သည့် ဆင်းရဲမွဲတေမှုများမှ လွတ်မြောက်လိုသူ အများအပြားတို့သည် နိုင်ငံတကာနယ်နိမိတ်များကို ပြန်ဖွင့်လိုက်သည်နှင့်တပြိုင်နက် ချမ်းသာသော နိုင်ငံကြီးများဆီသို့ အလုံးအရင်းနှင့် လှိမ့်ဝင်လာနိုင်ကြောင်း၊ ဗိုင်းရပ်ကာကွယ်ဆေးထိုးနှံခံလိုခြင်းကလည်း အဆိုပါ ရွှေ့ပြောင်းနေထိုင်သူများတို့အတွက် တွန်းအားတစ်ခုဖြစ်လာနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီ အဖွဲ့ (IFRC) ၏အကြီးအကဲ ဂျာဂန်ချာပါဂင်က သတိပေးလိုက်သည်ဟု Russia Today က ယမန်နေ့ ရေးသားသည်။
ကြာသပတေးနေ့တွင် AFP သတင်းဋ္ဌာနနှင့် တွေ့ဆုံစဉ် IFRC အကြီးအကဲက ပွင့်ပွင့်လင်းလင်း မှတ်ချက်ပေးရာ၌ ရောဂါကူးစက်မှု တားဆီးကာကွယ်ရန် နယ်ခြားဖြတ်သန်းမှုများ ရပ်ဆိုင်းရခြင်း၊ Lockdown တားဆီးပိတ်ဆို့ ခြင်းများပြုလုပ်ရခြင်းဖြင့် ကမ္ဘာကြီး၏ နေရာအနှံ့အပြားအများစုအား ဆင်းရဲမွဲတေခြင်း ချောက်ကမ်းပါးသို့ တွန်းပို့ခဲ့ပြီးဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါနှင့် ငတ်မွတ်ခေါင်းပါးမည့်အန္တရာယ်တို့မှာ ၎င်းတို့အား ကြံရာမရ ရွေးချယ်ရသည့်အခြေအနေရောက်အောင် ဖန်တီးလိမ့်မည်သာဖြစ်ကြောင်း၊ အသက်မွေးအလုပ်အကိုင် ဆုံးရှုံးနေကြရသူတို့အနေဖြင့် နယ်ခြားဖြတ်သန်းမှုများ စတင်ဖွင့်လှစ်ပေးစေလိုသည်ဟု ကြားသိနေရကြောင်း၊ ထိုအတွက် လာမည့်နှစ်များ သို့မဟုတ် လအနည်းငယ်အတွင်း၌ပင် “ အလုံးအရင်းဖြင့် ရွှေ့ပြောင်းနေထိုင်မှု ဖြစ်ရသည် “ ဆိုလျှင် အံ့သြစရာ မရှိကြောင်း ပြောဆိုသည်။
သို့သော် ရွှေ့ပြောင်းနေထိုင်သူများကို သက်ဆိုင်ရာမိခင်နိုင်ငံမှ ထွက်ခွာခြင်းမတိုင်မီ ကိုင်တွယ်ဖြေရှင်းနိုင်ပါက ရွှေ့ပြောင်းအခြေချမှုအလားအလာ ပြဿနာကိုရှောင်ရှား သို့မဟုတ် လျှော့ချနိုင်လိမ့်မည်ဖြစ်ကြောင်း၊ အခြေချနေထိုင်ကြရန် အလုံးအရင်းဖြင့် ထွက်ခွာလာကြပြီး လမ်းခုလတ်ရောက်မှ ဖြေရှင်းရလျှင် ကုန်ကျစရိတ်သည် ၎င်းတို့ သက်ဆိုင်ရာနိုင်ငံများ၌ အသက်မွေးအလုပ်များ၊ ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရသည်ထက် အဆပေါင်းများစွာ ပိုမိုကြောင်း၊
အလားတူပြောရလျှင် ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ် ဥရောပတိုက်သို့ ရွှေ့ပြောင်းအခြေချသူ အလုံး အရင်းဖြင့် ဝင်ရောက်လာသည့်အတွက် နိုင်ငံအချင်းချင်း ခေါင်းဆောင်များအကြား အငြင်းပွားမှုများဖြစ်ပေါ်ခဲ့ရကြောင်း၊ ထိုစဉ်က ခိုလှုံခွင့်တောင်းခံသူများအတွက် အဓိက ဦးတည်ရာဂျာမနီနိုင်ငံသည် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကတစ်လျှောက်၌ ပြန်လည်တည်ဆောက်ရေးအစီအစဉ်များအတွက် ဒေါ်လာ သန်းပေါင်းများစွာ အကူအညီပေးရန် ကတိပြုခဲ့ရသည်။
လာမည့် ရွှေ့ပြောင်းအခြေချမှုလှိုင်းလုံး၏ နောက်ကွယ်ရှိ အခြားမောင်းနှင်အားတစ်ခုမှာ လောလောဆယ်၌ပင် ကမ္ဘာတစ်ဝှမ်း လူပေါင်း ၁၅.၅ သန်းကျော် ကူးစက်ခံရပြီး ၆၃၃,၀၀၀-ဦးကျော် အသက်ဆုံးရှုံးစေခဲ့သည့် ကူးစက်ကပ်ရောဂါနှင့်လည်း ဆက်စပ်လျှက်ရှိသည်။
IFCR အကြီးအကဲက မည်သည့်နိုင်ငံများဖြစ်သည်ဟု တိုက်ရိုက်ဖော်ပြခြင်း မပြုသော်လည်း “ ဘဝရှင်သန်ရပ်တည်ရေးအတွက် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများသည် ပင်လယ်၏အခြားတစ်ဖက်တွင် ရှိနေသည်”ဟု ခံစားရခြင်းမှာ ရွှေ့ပြောင်းအခြေချရန် အလားအလာများဖြစ်ကြောင်း၊ ဦးတည်ရာအရပ်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်ဆေးရရှိနိုင်လိမ့်မည်ကို အခြေခံလျှက် ထိုသို့ရွှေ့ပြောင်းကြရန် ဆုံးဖြတ်ကြလိမ့်မည်ဖြစ်ကြောင်း၊
အကယ်၍ ကာကွယ်ဆေးသည် ဥရောပတွင်သာရှိနေပြီး အာဖရိကတွင် မရရှိနိုင်ပါက ဆေးဝါးသိုလှောင်ထားဖွယ်ရှိသည့် နိုင်ငံများသို့ ဦးတည်ရွှေ့ပြောင်းကြမည်ဖြစ်ကြောင်း၊ ကိုယ့်လူများအား ကာကွယ်ဆေးထိုးနှံထားယုံနှင့် လုံခြုံပြီဟု ထင်မှတ်နေသူများအတွက် နယ်နိမိတ်ဖြတ်ကျော် သွားလေ့ရှိသည့် ဗိုင်းရပ်စ်သဘာဝကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများ ( မိမိတို့ နယ်စပ်၌ ရောက် ရှိနေသည်ကို ) မြင်တွေ့ရန် အချိန်မဝေးတော့ကြောင်း၊ မိမိနိုင်ငံပြီးလျှင် ကာကွယ်ဆေး အရံသိုလှောင်ထားမည်ဟု ပြောဆိုနေသောနိုင်ငံများအား အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီ အဖွဲ့ (IFRC) ၏အကြီးအကဲ ဂျာဂန်ချာပါဂင်က သတိပေးလိုက်သည်။
crd-Oung Marine #Myanmar_Online_News

0 comments:

Post a Comment