Wednesday, July 15, 2020

ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် ၊ သဲဖြူကျေးရွာတွင် အမျိုးသားတစ်ဦး မိကျောင်းထပ်မံ ကိုက်ခံရကြောင်း သိရ

ဇူလိုင်လ (၁၄) ရက်နေ့ ၊ ည (6:00) အချိန်တွင် ဘိုကလေးမြို့နယ် ၊ သရော်ချောင်းကျေးရွာအုပ်စု ၊သဲဖြူကျေးရွာတွင် နေထိုင်သော ( အ ဘ ) ဦးမောင်ဦး ( အမိ ) ဒေါ်မြ ၊ ကိုမျိုးဇော် အသက် ( 33 ) နှစ် သည်လယ်တောမှပြန်လာပြီး အိမ်ရှေ့ချောင်းထဲတွင် ရေဆင်းချိုးပါသည် ။
ချောင်းမှာ ၁၂ ပေခန့် ကျယ်ပြီး ရေစစ်ချိန် တွင်ရင်ဘတ်လောက်သာ နက်ပါသည်။ရေချိုးနေစဉ် ဝဲဖက်ခြေ သလုံးအား မိကျောင်းမှ စကိုက်ပြီး ဆွဲသွား စဉ် ၊ ယာဖက်ခြေ သလုံးဖြင့် မိကျောင်း၏ ဦးခေါင်းအား ကန်လိုက်ရာ ညာဖက်ခြေသလုံးအား ထပ်မံကိုက် ပြီး ရေထဲသို့ ဆင်းသွားပါသည်။ မိချောင်းကိုက်ခြင်း ကြောင့် ဝဲ/ယာ ခြေ ထောက်များတွင် ဒဏ်ရာများ ရရှိ ခဲ့ သည်။
ဒဏ်ရာများမှာ
၁။ဝဲဖက် ဖနောင့်ကြော စုတ်ပြဲဒဏ်ရာ၊
ဖနောင့်ကြောပြတ်ထွက်သွား၊အလျား ၅ လက္မခန့်ရှိ၊
၂။ဝဲဖက် ခြေဖဝါးပေါက်ပြဲဒဏ်ရာ ၃ ခု၊အလျား ၁ လက္မခန့်ရှိ၊
၃။ယာဖက် ဒူးအောက်စုတ်ပြဲဒဏ်ရာတစ်ခု၊
အလျား ၄ လက္မခန့်ရှိ၊
၄။ယာဖက်ခြေသလုံး စုတ်ပြဲဒဏ်ရာ ၃ ခု၊
အလျား တစ်လက္မခန့်ရှိ၊
၅။ယာဖက်ခြေချင်းဝတ် အတွင်းဖက် ပေါက်ပြဲဒဏ်ရာတစ်ခု၊အလျား တစ်စင်တီမီတာခန့်ရှိ ပါသည်။ရရှိသောဒဏ်ရာများအား ( က ဒုံ က နိ တိုက် နယ် ဆေး ရုံ ) တွင် အတွင်းလူနာအဖြစ် ဆေးကုသမူ့ခံယူနေပါသည်။
Source - Nyan Min' s FB

0 comments:

Post a Comment