Saturday, July 25, 2020

ရွှေဘိုမြို့တွင် စိတ်ကြွဆေးပြား (၄၇၀၀၀) ကျော်ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့မှာ ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းက စိတ်ကြွဆေးပြားတွေ ဖြန့်ဖြူးရောင်းချသူ အမျိုးသား ( ၄ ) ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရွှေဘိုမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆန်းဦးက ပြောပါတယ်။
သတင်းအရ ရွှေဘိုမြို့ အမှတ် (၅) ရပ်ကွက် အောင်ဇေယျာလမ်းရှိ စားသောက်ဆိုင် သီးသန့်ခန်းအတွင်း စားသောက်နေတဲ့ အမျိုးသား (၂) ဦး ကို ရွှေဘိုခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ် နင်းရေးဌာနစိတ်မှ ရဲအုပ်ဇော်မြင့် ဦးစီးအဖွဲ့က ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား (၁၈၁၇၄ ) ပြား၊ ငွေစ က္ကူရောရာ (၁၁၅၀၀ )ကျပ်၊ လက်ကိုဖုန်း (၁) လုံး၊ ဆိုင်ကယ် (၁) စီးကို ဖမ်းဆီးမိခဲ့တာပါ။
လက်ဝယ်တွေ့ရှိရသူ အမျိုးသား (၂ ) ဦး ကို ရွှေဘိုမြို့မရဲစခန်းကအမှုဖွင့်အရေးယူထားပါတယ်။
ဆက်လက်ပြီး ရွှေဘိုမြို့ အမှတ် (၂) ရပ်ကွက် ရန်ကြီးအောင်ပန်းခြံအနီး ဆိုင်ကယ်စီးလာသူ အမျိုးသား (၂) ဦးကို ရွှေဘိုမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးသူ ဦးစီးအဖွဲ့က ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ စိတ်ကြွဆေးပြား( ၂၉၇၀၀) နဲ့ လက်ကိုင်ဖုန်း (၂) လုံး၊ ဆိုင်ကယ် (၁) စီးကို ဖမ်းဆီးမိခဲ့ပါတယ်။
လက်ဝယ်တွေ့ရှိရသူ အမျိုးသား (၂ ) ဦး ကို ရွှေဘိုမြို့မရဲစခန်းကအမှုဖွင့်အရေးယူထားပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment