Monday, July 13, 2020

အမေရိကန်နိုင်ငံသည် ဟောင်ကောင်အရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံအား ကိုင်တွယ်ရာတွင် အခွင့်အလမ်းများ ကန့်သတ်လျက်ရှိ

အမေရိကန်-တရုတ်နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လာသည်နှင့်အမျှ အမေရိကန်နိုင်ငံသည် ဟောင်ကောင်တွင်တရုတ်နိုင်ငံ၏ လှုပ်ရှားမှုများနှင့်ပတ်သက်၍ တရုတ်နိုင်ငံအား ကိုင်တွယ်ရာတွင် အခွင့်အလမ်းများ ကန့်သတ်ခြင်းကို အလေးပေးလုပ်ဆောင်လျက်ရှိကြောင်း Wall Street Journal မှ ဇူလိုင်လ ၁၂ ရက်နေ့က ဖော်ပြခဲ့ပါသည်။
ဟောင်ကောင်၏ဘဏ္ဍာရေးစနစ်အား ဆန့်ကျင်သည့် လုပ်ဆောင်မှုများသည် အမေရိကန်၊ အနောက်နိုင်ငံ၊ ဟောင်ကောင်ကုမ္ပဏီများနှင့် သုံးစွဲသူများအတွက် အန္တရာယ်ရှိကြောင်း အမေရိကန်အရာရှိများနှင့် လေ့လာဆန်းစစ်သူများ၏ ပြောကြား ချက်ကို ကိုးကား၍ Wall Street Journal မှ ဖော်ပြခဲ့ပါသည်။
ဟောင်ကောင်ထုတ် ကုန်ပစ္စည်းများအပေါ် တားမြစ်သည့် ကုန်သွယ်ရေးလှုပ်ရှား မှုများနှင့် တရုတ်အရာရှိများအပေါ် ပစ်မှတ်ထားပိတ်ဆို့မှုများကဲ့သို့သော ဆောင်ရွက်မှု များသည် ပြည်မကြီး၏ နိုင်ငံရေးနှင့်လုံခြုံရေးစနစ်တွင် တရုတ်နိုင်ငံ၏ ပေါင်းစည်းမှုကို အနည်းငယ်သာ အကျိုးသက်ရောက်စေနိုင်ကြောင်း Journal မှ ထပ်မံ ပြောကြား ခဲ့ပါသည်။
ဇူလိုင်လ ၉ ရက်နေ့တွင် အမေရိကန်အစိုးရအရာရှိများသည် အိမ်ဖြူတော် အစည်းအဝေးတွင် ဟောင်ကောင် အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း အစည်းအဝေးနှင့် အကျွမ်းတဝင်ရှိသူများမှ Wall Street Journal သို့ ပြောကြားခဲ့ ပါသည်။
အရာရှိများအနေဖြင့် ယခုရက်သတ္တပတ်အစောပိုင်းတွင် ပြန်လည်စုဖွဲ့မည်ဖြစ်ပြီး အရေးယူပိတ်ဆို့မှုများ သို့မဟုတ် အခြားသော ဆောင်ရွက်မှုများကို ကြေညာမည် ဖြစ်ကြောင်း ပုဂ္ဂိုလ်တစ်ဦးမှ ထပ်မံ ပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံသည် လွန်ခဲ့သော ရက်သတ္တပတ်တွင် တရုတ်နိုင်ငံ၏ အင်အား ကြီးမားသော Politburo အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရှန်ကျန်းပြည်နယ်၏ ကွန်မြူနစ်ပါတီအတွင်းရေးမှူးဖြစ်သည့် Chen Quanguo နှင့် အခြားအရာရှိ ၃ ဦး အား အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ပါသည်။
တရုတ်နိုင်ငံမှ အဆိုပါ အရေးယူပိတ်ဆို့မှုများသည် နိုင်ငံများအကြားအပြန်အလှန် ဆက်ဆံရေးကို အကြီးအကျယ်ထိခိုက်စေကြောင်း ဖော်ပြခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် အမေရိကန်အရာရှိများနှင့် အဖွဲ့အစည်းများအပေါ် တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့ပါသည်။
Coronavirus ရောဂါ၊ ကုန်သွယ်ရေး၊ ဟောင်ကောင်လုံခြုံရေးဥပဒေသစ်နှင့် ရှန်ကျန်းဒေသတွင် Uighurs လူမျိုးများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များကြောင့် နှစ်နိုင်ငံတင်းမာမှုများ မြင့်တက်လာသည့်အတွက် အမေရိကန် အစိုးရသည် တရုတ်နိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန်နိုင်ငံသားများအား သတိပြုနေထိုင်ရန် ဇူလိုင်လ ၁၁ ရက်နေ့က ပြောကြားခဲ့ပါသည်။
source-Reuters #Myanmar_Online_News
>>Zawgyi<<
အမေရိကန်နိုင်ငံသည် ဟောင်ကောင်အရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံအား ကိုင်တွယ်ရာတွင် အခွင့်အလမ်းများ ကန့်သတ်လျက်ရှိ
Monday, July 13, 2020
အမေရိကန်-တရုတ်နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လာသည်နှင့်အမျှ အမေရိကန်နိုင်ငံသည် ဟောင်ကောင်တွင်တရုတ်နိုင်ငံ၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံအား ကိုင်တွယ်ရာတွင် အခွင့်အလမ်းများ ကန့်သတ်ခြင်းကို အလေးပေး လုပ်ဆောင်လျက်ရှိကြောင်း Wall Street Journal မှ ဇူလိုင်လ ၁၂ ရက်နေ့က ဖော်ပြ ခဲ့ပါသည်။
ဟောင်ကောင်၏ဘဏ္ဍာရေးစနစ်အား ဆန့်ကျင်သည့် လုပ်ဆောင်မှုများသည် အမေရိကန်၊ အနောက်နိုင်ငံ၊ ဟောင်ကောင်ကုမ္ပဏီများနှင့် သုံးစွဲသူများအတွက် အန္တရာယ်ရှိကြောင်း အမေရိကန်အရာရှိများနှင့် လေ့လာဆန်းစစ်သူများ၏ ပြောကြား ချက်ကို ကိုးကား၍ Wall Street Journal မှ ဖော်ပြခဲ့ပါသည်။
ဟောင်ကောင်ထုတ် ကုန်ပစ္စည်းများအပေါ် တားမြစ်သည့် ကုန်သွယ်ရေးလှုပ်ရှား မှုများနှင့် တရုတ်အရာရှိများအပေါ် ပစ်မှတ်ထားပိတ်ဆို့မှုများကဲ့သို့သော ဆောင်ရွက်မှု များသည် ပြည်မကြီး၏ နိုင်ငံရေးနှင့်လုံခြုံရေးစနစ်တွင် တရုတ်နိုင်ငံ၏ ပေါင်းစည်းမှုကို အနည်းငယ်သာ အကျိုးသက်ရောက်စေနိုင်ကြောင်း Journal မှ ထပ်မံ ပြောကြား ခဲ့ပါသည်။
ဇူလိုင်လ ၉ ရက်နေ့တွင် အမေရိကန်အစိုးရအရာရှိများသည် အိမ်ဖြူတော် အစည်းအဝေးတွင် ဟောင်ကောင် အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း အစည်းအဝေးနှင့် အကျွမ်းတဝင်ရှိသူများမှ Wall Street Journal သို့ ပြောကြားခဲ့ ပါသည်။
အရာရှိများအနေဖြင့် ယခုရက်သတ္တပတ်အစောပိုင်းတွင် ပြန်လည်စုဖွဲ့မည်ဖြစ်ပြီး အရေးယူပိတ်ဆို့မှုများ သို့မဟုတ် အခြားသော ဆောင်ရွက်မှုများကို ကြေညာမည် ဖြစ်ကြောင်း ပုဂ္ဂိုလ်တစ်ဦးမှ ထပ်မံ ပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံသည် လွန်ခဲ့သော ရက်သတ္တပတ်တွင် တရုတ်နိုင်ငံ၏ အင်အား ကြီးမားသော Politburo အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရှန်ကျန်းပြည်နယ်၏ ကွန်မြူနစ်ပါတီအတွင်းရေးမှူးဖြစ်သည့် Chen Quanguo နှင့် အခြားအရာရှိ ၃ ဦး အား အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ပါသည်။
တရုတ်နိုင်ငံမှ အဆိုပါ အရေးယူပိတ်ဆို့မှုများသည် နိုင်ငံများအကြားအပြန်အလှန် ဆက်ဆံရေးကို အကြီးအကျယ်ထိခိုက်စေကြောင်း ဖော်ပြခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် အမေရိကန်အရာရှိများနှင့် အဖွဲ့အစည်းများအပေါ် တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့ပါသည်။
Coronavirus ရောဂါ၊ ကုန်သွယ်ရေး၊ ဟောင်ကောင်လုံခြုံရေးဥပဒေသစ်နှင့် ရှန်ကျန်းဒေသတွင် Uighurs လူမျိုးများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များကြောင့် နှစ်နိုင်ငံတင်းမာမှုများ မြင့်တက်လာသည့်အတွက် အမေရိကန် အစိုးရသည် တရုတ်နိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန်နိုင်ငံသားများအား သတိပြုနေထိုင်ရန် ဇူလိုင်လ ၁၁ ရက်နေ့က ပြောကြားခဲ့ပါသည်။
source-Reuters #Myanmar_Online_News

0 comments:

Post a Comment