Friday, July 10, 2020

ဇွဲကပင်တောင်ပေါ်တက်သွားပြီးနောက် ပျောက်ဆုံးသွားတဲ့ တက္ကသိုလ်ကျောင်းသားရဲ့ ဖိနပ်စတွေ့

ဒီကနေ့ နေ့လယ်ပိုင်းက ဇွဲကပင်တောင်ပေါ်တက်သွားပြီးနောက် ပျောက်ဆုံးသွားတဲ့ ဘားအံ တက္ကသိုလ်ကျောင်းသားတစ်ဦးကို ဇွဲကပင် တောင်အရှေ့ဘက်ခြမ်းမှာ မီးသတ်နဲ့ ရှာဖွေကယ်ဆယ်ရေးအသင်းကလူတွေက လိုက်ရှာနေတာဖြစ်ပါတယ်။
အခုတော့ ဇွဲကပင်တောင်ထိပ် အိမ်သာနားမှာ ကျောင်းသားရဲ့ ဖိနပ်ကို တွေ့ထားပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။
ပျောက်သွားတဲ့ ကျောင်းသားဟာ တောင်ခြေမှာ ပစ္စည်းတွေထားခဲ့ပြီးတော့ အခု မိဘတွေလည်း တောင်ခြေမှာ ရောက်နေပြီလို့ သိရပါတယ်။ အဲဒီကျောင်းသားဟာ သူ့ဆိုင်ကယ်၊ ဖုန်းနဲ့ ပစ္စည်းတွေနဲ့အတူ မိဘတွေဆီကိုလည်း စာတစ်စောင်ရေးထားခဲ့ပါတယ်။
crd-7Day TV #Myanmar_Online_News
>>Zawgyi<<
ဇွဲကပင်တောင်ပေါ်တက်သွားပြီးနောက် ပျောက်ဆုံးသွားတဲ့ တက္ကသိုလ်ကျောင်းသားရဲ့ ဖိနပ်စတွေ့
Friday, July 10, 2020
ဒီကနေ့ နေ့လယ်ပိုင်းက ဇွဲကပင်တောင်ပေါ်တက်သွားပြီးနောက် ပျောက်ဆုံးသွားတဲ့ ဘားအံ တက္ကသိုလ်ကျောင်းသားတစ်ဦးကို ဇွဲကပင် တောင်အရှေ့ဘက်ခြမ်းမှာ မီးသတ်နဲ့ ရှာဖွေကယ်ဆယ်ရေးအသင်းကလူတွေက လိုက်ရှာနေတာဖြစ်ပါတယ်။ အခုတော့ ဇွဲကပင်တောင်ထိပ် အိမ်သာနားမှာ ကျောင်းသားရဲ့ ဖိနပ်ကို တွေ့ထားပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။
ပျောက်သွားတဲ့ ကျောင်းသားဟာ တောင်ခြေမှာ ပစ္စည်းတွေထားခဲ့ပြီးတော့ အခု မိဘတွေလည်း တောင်ခြေမှာ ရောက်နေပြီလို့ သိရပါတယ်။ အဲဒီကျောင်းသားဟာ သူ့ဆိုင်ကယ်၊ ဖုန်းနဲ့ ပစ္စည်းတွေနဲ့အတူ မိဘတွေဆီကိုလည်း စာတစ်စောင်ရေးထားခဲ့ပါတယ်။

0 comments:

Post a Comment