Wednesday, July 22, 2020

ဘင်္ဂလားဒေ့ရှ်မှာ ရက်ရှည် ရေလွှမ်းမိုးမှုများ ဆက်လက်ဖြစ်ပေါ်နိုင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သီတင်းပတ်ချီ ရက်ဆက် မိုးသည်းထန်မှုတွေရင်ဆိုင်နေရကာ လူအသေအပျောက်ရှိတဲ့ ရေလွှမ်းမိုးမှုဟာ နောက် ၁၀ ရက်ကြာလောက်အထိ ဖြစ်ပေါ်နေနိုင်ကြောင်း တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ သတိပေးခဲ့ပါတယ်။
ရေလွှမ်းမိုးလွယ် တောင်အာရှနိုင်ငံရဲ့ နယ်မြေ သုံးပုံတစ်ပုံခန့် ရေမြုပ်နေခဲ့တာဖြစ်ပြီး နှစ်အနည်းငယ်အတွင်း အဆိုးဝါးဆုံးဖြစ်နေတဲ့ ယင်း ရေကြီးမှုဟာ ပိုမိုကျယ်ပြန့်လာနိုင်တယ်လို့ တာဝန်ရှိသူတွေက သတိပေးပါတယ်။
နှစ်စဉ် မုတ်သုံမိုးရွာသွန်းမှုဟာ ရေပေးဝေရေး ဆည်၊ တမံတွေ ရေပြန်လည်ဖြည့်တင်းဖို့အတွက် အရေးပါပေမယ့် လူဦးရေ ထူထပ်တဲ့နိုင်ငံရဲ့ သီးနှံစိုက်ခင်းများစွာ ပျက်စီးဆုံးရှုံးရခြင်းတွေလည်း ဖြစ်လေ့ရှိကာ လူသေဆုံးရခြင်းတွေ၊ အိုးအိမ်ပျက်ဆီး ဆုံးရှုံးခြင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လေ့ရှိခဲ့ပါတယ်။
ရေကြီးမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်မှာ သေဆုံးသူ ၈၁ ဦးထက်မနည်းရှိပြီဖြစ်ကာ အများစုက ရေနစ်သေဆုံးရခြင်းဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုခဲ့ပြီး လူနေအိမ်တွေ ၊ လူနေရပ်ကွက်တွေ ရေမြုပ်ကုန်မှုကြောင့် သဘာဝဘေးဒဏ်ခံနေရသူ သုံးသန်းနီးပါးရှိနေတယ်လို့ ဆိုပါတယ်။
မြို့တော် ဒါကာအပြင်ဘက်နားမှာရှိတဲ့ ကျေးလက်မြို့ စရီနာဂါမှ အချို့ ကျေးရွာသားတွေ ကယ်ဆယ်ရေး စင်တာတွေကို ထွက်ပြေးတိမ်းရှောင်လာကြရပြီး အချို့ရွာသားတွေကတော့ လှေတွေပေါ် ငှက်ပျောဖောင်တွေပေါ် အိပ်စက်ခဲ့ကြကာ ရေမြုပ်နေတဲ့ ၄င်းတို့နေအိမ်တွေကို စောင့်ကြည့်နေခဲ့ကြပါတယ်။
crd-အကုန်သိ #Myanmar_Online_News
>>Zawgyi<<
ဘင်္ဂလားဒေ့ရှ်မှာ ရက်ရှည် ရေလွှမ်းမိုးမှုများ ဆက်လက်ဖြစ်ပေါ်နိုင်
Wednesday, July 22, 2020
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သီတင်းပတ်ချီ ရက်ဆက် မိုးသည်းထန်မှုတွေရင်ဆိုင်နေရကာ လူအသေအပျောက်ရှိတဲ့ ရေလွှမ်းမိုးမှုဟာ နောက် ၁၀ ရက်ကြာလောက်အထိ ဖြစ်ပေါ်နေနိုင်ကြောင်း တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ သတိပေးခဲ့ပါတယ်။
ရေလွှမ်းမိုးလွယ် တောင်အာရှနိုင်ငံရဲ့ နယ်မြေ သုံးပုံတစ်ပုံခန့် ရေမြုပ်နေခဲ့တာဖြစ်ပြီး နှစ်အနည်းငယ်အတွင်း အဆိုးဝါးဆုံးဖြစ်နေတဲ့ ယင်း ရေကြီးမှုဟာ ပိုမိုကျယ်ပြန့်လာနိုင်တယ်လို့ တာဝန်ရှိသူတွေက သတိပေးပါတယ်။
နှစ်စဉ် မုတ်သုံမိုးရွာသွန်းမှုဟာ ရေပေးဝေရေး ဆည်၊ တမံတွေ ရေပြန်လည်ဖြည့်တင်းဖို့အတွက် အရေးပါပေမယ့် လူဦးရေ ထူထပ်တဲ့နိုင်ငံရဲ့ သီးနှံစိုက်ခင်းများစွာ ပျက်စီးဆုံးရှုံးရခြင်းတွေလည်း ဖြစ်လေ့ရှိကာ လူသေဆုံးရခြင်းတွေ၊ အိုးအိမ်ပျက်ဆီး ဆုံးရှုံးခြင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လေ့ရှိခဲ့ပါတယ်။
ရေကြီးမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်မှာ သေဆုံးသူ ၈၁ ဦးထက်မနည်းရှိပြီဖြစ်ကာ အများစုက ရေနစ်သေဆုံးရခြင်းဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုခဲ့ပြီး လူနေအိမ်တွေ ၊ လူနေရပ်ကွက်တွေ ရေမြုပ်ကုန်မှုကြောင့် သဘာဝဘေးဒဏ်ခံနေရသူ သုံးသန်းနီးပါးရှိနေတယ်လို့ ဆိုပါတယ်။
မြို့တော် ဒါကာအပြင်ဘက်နားမှာရှိတဲ့ ကျေးလက်မြို့ စရီနာဂါမှ အချို့ ကျေးရွာသားတွေ ကယ်ဆယ်ရေး စင်တာတွေကို ထွက်ပြေးတိမ်းရှောင်လာကြရပြီး အချို့ရွာသားတွေကတော့ လှေတွေပေါ် ငှက်ပျောဖောင်တွေပေါ် အိပ်စက်ခဲ့ကြကာ ရေမြုပ်နေတဲ့ ၎င်းတို့နေအိမ်တွေကို စောင့်ကြည့်နေခဲ့ကြပါတယ်။
crd-အကုန္သိ #Myanmar_Online_News

0 comments:

Post a Comment