Sunday, July 19, 2020

ထိုင်းမှာ အစိုးရနုတ်ထွက်ရေး ဆန္ဒပြမှု ဖြစ်ပွား


ထိုင်းနိုင်ငံမှာ လူငယ်တွေနဲ့ အနက်ရောင်ဝတ်စုံဝတ် ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ စနေနေ့(ဇူလိုင် ၁၈)က မြို့တော်ဘန်ကောက်ရဲ့ ဒီမိုကရေစီ အထိမ်းအမှတ် အဆောက် အအုံမှာ စုဝေးဆန္ဒပြခဲ့ပါတယ်။ နှစ်များစွာအတွင်း မြို့တော်ရဲ့ ပမာဏအကြီးဆုံးနဲ့ သဘောထားကွဲမှုအဖြစ်ဆုံး ဆန္ဒပြပွဲဟာ ညပိုင်းအထိ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းမှုတွေ၊ လမ်းပေါ်ဆန္ဒပြမှုတွေ မကြာခဏဆိုသလို ပေါ်ပေါက်လေ့ရှိကာ ပူညံညံနိုင်ငံရေးစနစ်ဖြစ်တည်သော ဘုရင့်နိုင်ငံ ထိုင်းဟာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်စဉ်ကြောင့်လည်း မကြုံစဖူး စီးပွားရေးထိခိုက်မှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ စီးပွားရေး ထိုးကျနေမှုနဲ့အတူ အစိုးရအဖွဲ့နဲ့ တော်ဝင်အသိုင်းအဝိုင်း ထောက်ခံသူတွေအပေါ် ဒေါသထွက်မှုတွေ မြင့်တက်ခဲ့ကြပါတယ်။
ဆန္ဒပြ ကျောင်းသားထုဟာ ပေါက်ကွဲသံစဉ် ရက်ပ်သီချင်းတွေ သီဆိုရင်း း ပရာယွတ်ချန်အိုချာရဲ့ အစိုးရအဖွဲ့အပေါ် ရှုတ်ချဝေဖန်တဲ့ စာတမ်းတွေဝှေ့ယမ်းခဲ့ကြကာ ထိုင်းနိုင်ငံရဲ့ တင်းကျပ်ပြင်းထန်တဲ့ တော်ဝင်အသရေဖျက်မှုဆိုင်ရာ ဥပဒေ ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဥပဒေတွေဟာ လူချမ်းသာတွေအတွက်ပဲ အကာအကွယ်ပေးထားပြီး လူထုအတွက် ဘာမှ အကာအကွယ်မပေးကြောင်း ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဦးက ပြောဆိုခဲ့ပါတယ်။
တော်ဝင် အသရေဖျက်မှု ကာကွယ်ရေးဥပဒေအပေါ် ရှားရှားပါးပါး လူသိရှင်ကြား ကန့်ကွက်မှုအဖြစ် ဘုရင်စနစ်နဲ့ ဘုရင် မဟာ ၀ဇီရလောင်ကွန်းအပေါ် ဝေဖန်မှုတွေကို အကာအကွယ်ပေးထားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ “၁၁၂ အဆုံးသတ်ပါ” ဆိုတဲ့ စာသားတွေ ကိုင်ဆောင်ခဲ့ကြတာတွေ့ရပါတယ်။
ညသန်းခေါင်လောက်မှာ ဆန္ဒပြလူထု လူစုခွဲသွားခဲ့ကြပြီး တောင်းဆိုချက်တွေ ဖော်ဆောင်မပေးဘူးဆိုရင် နောက် သီတင်းနှစ်ပတ်လောက်မှာ လမ်းပေါ်ဆန္ဒပြပွဲတွေ သူတို့ပြန်လုပ်သွားမယ်လို့ ဦးဆောင်စီစဉ်သူတွေက ပြောဆိုခဲ့ပါတယ်။

crd-အကုန်သိ #Myanmar_Online_News
>>Zawgyi<<
ထိုင်းမှာ အစိုးရနုတ်ထွက်ရေး ဆန္ဒပြမှု ဖြစ်ပွား
Sunday, July 19, 2020
ထိုင်းနိုင်ငံမှာ လူငယ်တွေနဲ့ အနက်ရောင်ဝတ်စုံဝတ် ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ စနေနေ့(ဇူလိုင် ၁၈) က မြို့တော်ဘန်ကောက်ရဲ့ ဒီမိုကရေစီ အထိမ်းအမှတ် အဆောက်အအုံမှာ စုဝေးဆန္ဒပြခဲ့ပါတယ်။ နှစ်များစွာအတွင်း မြို့တော်ရဲ့ ပမာဏအကြီးဆုံးနဲ့ သဘောထားကွဲမှုအဖြစ်ဆုံး ဆန္ဒပြပွဲဟာ ညပိုင်းအထိ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းမှုတွေ၊ လမ်းပေါ်ဆန္ဒပြမှုတွေ မကြာခဏဆိုသလို ပေါ်ပေါက်လေ့ရှိကာ ပူညံညံနိုင်ငံရေးစနစ်ဖြစ်တည်သော ဘုရင့်နိုင်ငံ ထိုင်းဟာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်စဉ်ကြောင့်လည်း မကြုံစဖူး စီးပွားရေးထိခိုက်မှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ စီးပွားရေး ထိုးကျနေမှုနဲ့အတူ အစိုးရအဖွဲ့နဲ့ တော်ဝင်အသိုင်းအဝိုင်း ထောက်ခံသူတွေအပေါ် ဒေါသထွက်မှုတွေ မြင့်တက်ခဲ့ကြပါတယ်။
ဆန္ဒပြ ကျောင်းသားထုဟာ ပေါက်ကွဲသံစဉ် ရက်ပ်သီချင်းတွေ သီဆိုရင်း း ပရာယွတ်ချန်အိုချာရဲ့ အစိုးရအဖွဲ့အပေါ် ရှုတ်ချဝေဖန်တဲ့ စာတမ်းတွေဝှေ့ယမ်းခဲ့ကြကာ ထိုင်းနိုင်ငံရဲ့ တင်းကျပ်ပြင်းထန်တဲ့ တော်ဝင်အသရေဖျက်မှုဆိုင်ရာ ဥပဒေ ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဥပဒေတွေဟာ လူချမ်းသာတွေအတွက်ပဲ အကာအကွယ်ပေးထားပြီး လူထုအတွက် ဘာမှ အကာအကွယ်မပေးကြောင်း ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဦးက ပြောဆိုခဲ့ပါတယ်။
တော်ဝင် အသရေဖျက်မှု ကာကွယ်ရေးဥပဒေအပေါ် ရှားရှားပါးပါး လူသိရှင်ကြား ကန့်ကွက်မှုအဖြစ် ဘုရင်စနစ်နဲ့ ဘုရင် မဟာ ၀ဇီရလောင်ကွန်းအပေါ် ဝေဖန်မှုတွေကို အကာအကွယ်ပေးထားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ “၁၁၂ အဆုံးသတ်ပါ” ဆိုတဲ့ စာသားတွေ ကိုင်ဆောင်ခဲ့ကြတာတွေ့ရပါတယ်။
ညသန်းခေါင်လောက်မှာ ဆန္ဒပြလူထု လူစုခွဲသွားခဲ့ကြပြီး တောင်းဆိုချက်တွေ ဖော်ဆောင်မပေးဘူးဆိုရင် နောက် သီတင်းနှစ်ပတ်လောက်မှာ လမ်းပေါ်ဆန္ဒပြပွဲတွေ သူတို့ပြန်လုပ်သွားမယ်လို့ ဦးဆောင်စီစဉ်သူတွေက ပြောဆိုခဲ့ပါတယ်။
crd-အကုန္သိ #Myanmar_Online_News

0 comments:

Post a Comment