Friday, July 10, 2020

တိုင်းနှင့် ပြည်နယ်အချို့တွင် ကျရောက်နေသည့် ကော်ဖီနှံကောင်များနှင့်ပတ်သက်ပြီး တောင်သူများ စိုးရိမ်စိတ်မလွန်ကဲရန် ပြောကြား

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး ၃ ခု နှင့် ပြည်နယ် ၃ ခု တို့တွင် ကော်ဖီနှံကောင်များ ကျရောက်လျက်ရှိသော်လည်း တောင်သူများ စိုးရိမ်စိတ်မလွန်ကဲကြရန် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာ စိုက်ပျိုးရေးဦးစီးဌာန၊သီးနှံဌာနခွဲ မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မာလာမြင့်က ပြောကြားခဲ့သည်။
ဒေါက်တာခင်မာလာမြင့်က ဇူလိုင် ၉ ရက်တွင် ဆင်ဟွာသတင်းဌာနသို့ပြောကြားရာ၌ “စစ်ကိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ် တို့ မှာ ကော်ဖီနှံကောင် ကျနေတာ တွေ့ရပါတယ်။ တောင်သူတွေ အစိုးရိမ်မလွန်ဖို့ပြောချင်ပါတယ်။ ကော်ဖီနှံကောင်က သီးနှံတွေကို သိပ်ပြီး ဖျက်ဆီးလေ့မရှိပါဘူး။ ကော်ဖီ နှံကောင်တွေ အတွက် ပိုးသတ်ဆေးဖျန်းမယ်ဆိုရင် အချက်၃ ချက်ပေါ် အခြေခံပြီး ဖျန်းသင့်ပါတယ်” ဟုဆိုသည်။
ကော်ဖီနှံကောင်ကျရောက်၍ တောင်သူများ အနေဖြင့် ပိုးသတ်ဆေးဖျန်းမည်ဆိုပါက ကျရောက်သည့်နေရာတွင် ကော်ဖီနှံကောင်ဦးရေအနည်းအများပမာဏ၊ အရေးကြီးသီးနှံတွင် ကျရောက်ခြင်းဟုတ်မဟုတ်၊ ဖျက်ဆီး ထားသည့်ပမာဏ ပေါ်မူတည်၍ ပတ်ဖျန်းသင့်ပြီး ကော်ဖီနှံကောင် အရေအတွက်လည်းနည်းတယ်ဆိုရင်တော့ ပိုးသတ်ဆေးဖျန်းဖို့ မလိုကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။
၎င်းကော်ဖီနှံကောင်များကို ရခိုင်ပြည်နယ်သံတွဲမြို့၊ ဧရာဝတီတိုင်းဒေသကြီး ရေကြည် မြို့နှင့် မကွေးတိုင်းဒေသကြီး မကွေးမြို့မှ စိုက်ခင်းအချို့တွင် ဇွန်လကုန်နှင့် ဇူလိုင်လဆန်းက စတင်တွေ့ရှိခဲ့ကြောင်း၊ ယခုအခါ ကချင်ပြည်နယ် ဗန်းမော်မြို့နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင်ပါ တွေ့ရှိလာရကြောင်း စိုက်ပျိုးရေးဦးစီးဌာန သီးနှံဌာနခွဲ မှ သိရသည်။
>>Zawgyi<<

0 comments:

Post a Comment