Saturday, July 25, 2020

ကျွန်းတစ်ထောင်ဒေသ ကွန်အော်ရေတံခွန်ကို ခရီးစဉ်သစ်အဖြစ် လုပ်ဆောင်မည်

ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကျွန်းတစ်ထောင်ဒေသ ကွန်အော်ရေတံခွန်ကို ခရီးစဉ်သစ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ဟိုတယ် နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ကွန်အော်ရေတံခွန်၏ အထက်မိုင် ၃၀ ခန့်တွင်လည်း ရှမ်းပြည်နယ်၏ အလှအပဆုံး ရေတံခွန်ကြီးဖြစ်သည့် ဟိုက်ပါရေတံခွန်သို့ သွားရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကွန်အော်ရေတံခွန်တွင် ယခင်က နိုင်ငံခြားသားများ အတွက် ကနူးလှေဖြင့် adventure tour များ လုပ်ဆောင်မူရှိခဲ့သော်လည်း နောက်ပိုင်းတွင် လုံခြုံရေးအရပိတ်ပင်ထားတဲ့နေရာဖြစ်ကြောင်းနှင့် ခရီးသွားလုပ်ငန်းဖော်ဆောင်ရာ၌ ကွန်အော်ရေတံခွန်အပေါ်တွင် ဇစ်လိုင်းစီးပြီး အလှအပများခံစားနိုင်ရေးလုပ်ဆောင်သွားရန် ရှိသည့်အပြင် Golf ချစ်သူများ အတွက်ကျင်းကိုးကျင်းပါသည့် Golf Tourကိုလည်းထည့်သွင်းလုပ်ဆောင်သွားရန်ရှိကြောင်း သိရသည်။
crd-Pyi Myanmar #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment