Sunday, July 26, 2020

မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဟောင်ကောင်မှ နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများနှင့် သင်္ဘောသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့

ထိုင်ဝမ် (တရုတ်-တိုင်ပေ) ၌ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြပြီး အလုပ်လက်မဲ့ဖြစ်နေသူများ၊ တာဝန်ပြီးဆုံးသည့် မြန်မာသင်္ဘောသားများ၊ ပညာသင်ပြီးဆုံးသူများ၊ အလည်အပတ် ရောက်ရှိနေပြီး လေကြောင်းသွားလာမှုများ ရပ်ဆိုင်းလိုက်ခြင်းကြောင့် သောင်တင်နေကြသည့် မြန်မာနိုင်ငံသားများ ဒုတိယအသုတ်အဖြစ် နေရပ်သို့ ပြန်လည်ထွက်ခွာနိုင်ရေးအတွက် ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး အနေဖြင့် Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်ဖြင့် သက်ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
သို့ဖြစ်ရာ ၂၆-၇-၂၀၂၀ ရက် (တနင်္ဂနွေနေ့) နံနက် (၀၇:၀၀) နာရီချိန်တွင် တိုင်ပေမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းသည့် China Airlines လေကြောင်းပျံသန်းအမှတ် CI- 7915 ကုန်တင်လေယာဉ် ဖြင့် သာသနာပြုသီလရှင်(၁)ပါး၊ မြန်မာသင်္ဘောသားများ၊ ပညာသင်ပြီးဆုံးသူများ၊ အလည်အပတ် ရောက်ရှိပြီး သောင်တင်နေသူ မြန်မာနိုင်ငံသား စုစုပေါင်း (၅၈) ဦးသည် မြန်မာနိုင်ငံသို့ ချောမောစွာ ပြန်လည်ထွက်ခွာသွားပါကြောင်း ဖော်ပြအပ်ပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသား စုစုပေါင်း (၁၁၃) ဦး အား ၉-၇-၂၀၂၀ ရက်နေ့နှင့် ၂၆-၇-၂၀၂၀ ရက်နေ့တို့တွင် တိုင်ပေ-ရန်ကုန် ပြေးဆွဲသည့် China Airlines ကုန်ပစ္စည်းတင်လေကြောင်းခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း ဖော်ပြအပ်ပါသည်။

0 comments:

Post a Comment