Tuesday, July 21, 2020

တရုတ်နိုင်ငံနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံအရာရှိများ၏ မှတ်ချက်များအပေါ် တရုတ်နိုင်ငံ သံရုံးမှပြန်လည်ချေပ

ဗြိတိန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး Dominic Raab မှ တရုတ်နိုင်ငံသည် Uygur များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည်ဟု စွပ်စွဲခဲ့သောမှတ်ချက်များ အပေါ် ၎င်းသည်လုံးဝအလိမ်အညာများသာဖြစ်ကြောင်း ဇူလိုင်လ ၂၀ ရက်နေ့တွင် ဗြိတိန်နိုင်ငံရှိ တရုတ်သံရုံးမှ ပြန်လည်ချေပခဲ့ပါသည်။
သံရုံမှပြောခွင့်ရတစ်ဦးမှပြောကြားရာတွင် လွန်ခဲ့သောနှစ်များတွင် တရုတ်နိုင်ငံ ၏ တန်ပြန်အကြမ်းဖက်မှုနှိမ်နင်းရေးကြိုးပမ်းဆောင်ရွက်မှုများနှင့် အကြမ်းဖက် လှုပ်ရှားမှုများ၏လမ်းကြောင်းများကို ထိရောက်စွာထိန်းချုပ်နိုင်ခဲ့ပြီး ဒေသခံပြည်သူ များကို အကြမ်းဖက်မှုများနှင့် အစွန်းရောက်ဝါဒများမှ အပြည့်အဝအကာ အကွယ်ပေး ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
အကယ်၍ ဗြိတိန်နိုင်ငံအနေဖြင့် အချက်အလက်များကို လျစ်လျူရှုပြီး တရုတ် နိုင်ငံ၏ အဖွဲ့အစည်းများနှင့် ဝန်ထမ်းများအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်မည်ဆို ပါက တရုတ်နိုင်ငံအနေဖြင့် ပြတ်ပြတ်သားသားပြန်လည်တုန့်ပြန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဗြိတိန်နိုင်ငံအနေဖြင့်လည်း ဖြစ်ပေါ်လာမည့်နောက် ဆက်တွဲအကျိုးဆက်များကို ခံစားရမည်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်မှဖြည့်စွက်ပြောကြားခဲ့ပါသည်။
Source - CGTN #Myanmar_Online_News

0 comments:

Post a Comment