Sunday, July 12, 2020

ဖားကန့်မြို့နယ်အတွင်း တိုက်မိုင်းတစ်လုံး တိုက်မိ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရ ပြည်သူ တစ်ဦးအား နယ်မြေခံတပ်မတော်စစ်ကြောင်းမှ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကံဆီးကျေးရွာ၊ ရပ်ကွက်ကြီး(၁)နေ မောင်ဂွန်းမိုင် (ဘ)ဦးအင်ခွမ်နော်ဘောက်သည် ငါးရှော့တိုက်ရန် ကျေးရွာမှထွက်ခွာလာစဉ် ဇူလိုင် ၁၀ ရက် ညနေ ၅ နာရီခန့်တွင် ကံဆီးကျေးရွာဟောင်း၏ မြောက်ဘက် မီတာ ၆၀၀၀ ခန့်အကွာသို့အရောက်၌ တိုက်မိုင်းတစ်လုံးအား တိုက်မိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည်။
မိုင်းထိလူနာအား ကျေးရွာ ကျေးလက်ကျန်းမာရေးဆေးခန်း၌ ရှေးဦးသူနာပြုစု နည်းဖြင့် ဆေးကုသမှုခံယူလျက်ရှိရာ သက်သာမှုမရှိသဖြင့် လုံးခင်းတိုက်နယ်ဆေးရုံမှ တစ်ဆင့် ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသမှုခံယူစေလျက်ရှိကြောင်း နှင့် အဆိုပါ မိုင်းထိလူနာအား နယ်မြေခံတပ်မတော်သားများက ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
Source : တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment