Friday, July 17, 2020

အမြန်လမ်းမကြီးမိုင်တိုင်(၂၉၈/၅)အနီးတွင် အိမ်စီးကားတစ်စီး အရှိန်မထိမ်းနိုင်ဘဲ တစ်ပါတ်လည်တိမ်းမှောက်မှုဖြစ်ပွား

ယနေ့ ၁၇-၇-၂၀၂၀ ရက်နေ့၊ (၁၁၂၅)အချိန် သီးကုန်းအမြန်လမ်းမကြီးရဲစခန်းအပိုင်၊ အမြန်လမ်းမကြီးမိုင်တိုင်(၂၉၈/၅)အနီးတွင် မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ထက်အောင်ခန့် (၂၀)နှစ်၊ (ဘ)ဦးကြီးမြင့်၊ ရပ်ကွက်ကြီး(၁၀)၊ ပြင်ဦးလွင်မြို့နေသူမှာ 3D/---- HILUX SURF မော်တော်ယာဉ်အား မောင်းနှင်လာစဥ် ယာဉ်၏ နောက်ဝဲဘက်ဘီးပေါက်သဖြင့် အရှိန်မထိန်းနိုင်ဘဲ တစ်ပါတ်လည်တိမ်းမှောက်သွားကာ အမြန်လမ်းမကြီးလမ်းအလယ်တွင် ကန့်လန့်ဖြတ် ရပ်တန့်သွားခဲ့ပါသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၂)ဦး၊ ပေါင်း(၄)ဦးအနက်မှ ယာဉ်မောင်း ထက်အောင်ခန့်နှင့် ယာဉ်ပေါ်ပါသူ မဝါဝါခိုင် (၃၄)နှစ်၊ (ဘ)ဦးအောင်ကျော် တွင် ဒဏ်ရာရရှိခဲ့ခြင်းမရှိသော်လည်း၊ ကျန်ယာဥ်ပေါ်ပါသူ ဦးရွှေဝင်း(၉၀)နှစ်၊ (ဘ)ဦးဘိုလေး တွင် ဦးခေါင်းယာဘက်ထိပ် ပေါက်ပြဲဒဏ်ရာ၊ ဝဲလက်နှင့် ယာဘက်လက်သန်းကျိုးဒဏ်ရာ(အတွင်းလူနာ/ မစိုးရိမ်ရ)၊ ဒေါ်မြင့်မြင့်ဝင်း၊ (၅၃)နှစ်၊ (ဘ)ဦးရွှေဝင်းတွင် ယာပါးပေါက်ပြဲဒဏ်ရာ(အတွင်းလူနာ/မစိုးရိမ်ရ)အသီးသီးရရှိခဲ့ပြီး သီးကုန်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊သီးကုန်းအမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်များ၊အထောက်အကူပြုအဖွဲ့များဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
Crd : အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး #Myanmar_Online_News

0 comments:

Post a Comment