Tuesday, July 21, 2020

မြန်မာနိုင်ငံသား (၁၀၉)ဦး လိုက်ပါသည့် (၁၄)ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် တောင်ကိုရီးယားမှ မြန်မာသို့ ထွက်ခွာ

ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးဖြင့် အခက်အခဲများဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံသို့ မဖြစ်မနေပြန်လည်ထွက်ခွာရမည့် မြန်မာနိုင်ငံသားများအတွက် ၂၁-၇-၂၀၂၀ ရက် (အင်္ဂါနေ့) မွန်းလွဲ ၁၆:၄၅ နာရီအချိန်တွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI)ဖြင့် အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ (၁၄)ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ပျံသန်းပြေးဆွဲပေးခဲ့ရာ ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသား (၃၂) ဦး၊ အမေရိကန်ပြည်ထောင်စု၊ အီဂျစ်၊ ဂရိ၊ ကနေဒါ၊ နော်ဝေ၊ ဘယ်လ်ဂျီယံ၊ ဂျပန်၊ ပြင်သစ်၊ ဒိန်းမတ် ၊ သီရိလင်္ကာ၊ ဆွစ်ဇာလန်နှင့် ဂျာမနီနိုင်ငံတို့မှ မြန်မာနိုင်ငံသား (၆၆)ဦးနှင့် မြန်မာသင်္ဘောသား (၁၁)ဦး၊ မြန်မာနိုင်ငံသားစုစုပေါင်း (၁၀၉) ဦးတို့မှ စီးနင်းလိုက်ပါခဲ့ကြောင်း သိရပါသည်။
ယခုအကြိမ်၌ ကိုရီးယားနိုင်ငံမှ ပြန်လည်ထွက်ခွာသည့် မြန်မာနိုင်ငံသားများနှင့် ခရီးစဉ် အကူးအပြောင်း လာရောက်သည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံအမတ်ကြီးဦးဆောင်၍ သံရုံးဝန်ထမ်းများကလိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရသိရပါသည်။
>>Zawgyi<<
မြန်မာနိုင်ငံသား (၁၀၉) ဦး လိုက်ပါသည့် (၁၄)ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် တောင်ကိုရီးယားမှ မြန်မာသို့ ထွက်ခွာ
Tuesday, July 21, 2020
ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးဖြင့် အခက်အခဲများဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံသို့ မဖြစ်မနေပြန်လည်ထွက်ခွာရမည့် မြန်မာနိုင်ငံသားများအတွက် ၂၁-၇-၂၀၂၀ ရက် (အင်္ဂါနေ့) မွန်းလွဲ ၁၆:၄၅ နာရီအချိန်တွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI)ဖြင့် အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ (၁၄) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲပေးခဲ့ရာ ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသား (၃၂) ဦး၊ အမေရိကန်ပြည်ထောင်စု၊ အီဂျစ်၊ ဂရိ၊ ကနေဒါ၊ နော်ဝေ၊ ဘယ်လ်ဂျီယံ၊ ဂျပန်၊ ပြင်သစ်၊ ဒိန်းမတ် ၊ သီရိလင်္ကာ၊ ဆွစ်ဇာလန်နှင့် ဂျာမနီနိုင်ငံတို့မှ မြန်မာနိုင်ငံသား (၆၆)ဦးနှင့် မြန်မာသင်္ဘောသား (၁၁)ဦး၊ မြန်မာနိုင်ငံသားစုစုပေါင်း (၁၀၉) ဦးတို့မှ စီးနင်းလိုက်ပါခဲ့ကြောင်း သိရပါသည်။
ယခုအကြိမ်၌ ကိုရီးယားနိုင်ငံမှ ပြန်လည်ထွက်ခွာသည့် မြန်မာနိုင်ငံသားများနှင့် ခရီးစဉ် အကူးအပြောင်း လာရောက်သည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံအမတ်ကြီးဦးဆောင်၍ သံရုံးဝန်ထမ်းများကလိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရသိရပါသည်။

0 comments:

Post a Comment