Monday, July 20, 2020

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူများအနေဖြင့် အဂတိတရား မလိုက်စားသော အစိုးရတစ်ရပ်ကို ရွေးချယ်ကြပါစို့

မြန်မာနိုင်ငံသည် ကမ္ဘာနှင့်အဝန်း အဂတိအညွှန်းကိန်း Corruption Perceptions Index (CPI) အရ အဂတိမြင့်မားသည့် သတ်မှတ်ချက် အဆင့် ၁၃၀ တွင်ရှိပြီး အရှေ့တောင်အာရှ၌ ကမ္ဘောဒီးယားပြီးနောက် အဂတိလိုက်စားမှု အမြင့်ဆုံးနိုင်ငံအဖြစ် ရှိနေသည်ကို သင်သိပါသလား။ သင့်နိုင်ငံသည် အဂတိထူပြောခြင်းကြောင့် နှစ်ပေါင်းများစွာတိုင် ဒုက္ခသုက္ခများဖြင့် ဆင်းရဲတွင်းနက်နေရခြင်း ဖြစ်သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး နည်းလမ်းများတွင် အစိုးရ တာဝန်ရှိသူများ၊ နိုင်ငံရေးအာဏာ ရယူလိုသူများ၏ ပိုင်ဆိုင်မှုများကို ချပြစေခြင်းသည် ထိရောက်သည့် နည်းလမ်းတစ်ခုပင် ဖြစ်ပါလိမ့်မည်။
ယင်းကြောင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် မိမိတို့၏ ပိုင်ဆိုင်မှုကို အများပြည်သူထံ ပွင့်လင်းမြင်သာစွာ ချပြသင့်ပါသည်။ ပြည်သူများ အနေဖြင့်လည်း အဂတိကင်းစင်သော အစိုးရတစ်ရပ်ကို ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် မိမိတို့ မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ ပိုင်ဆိုင်မှု ကြေညာနိုင်ခြင်း ရှိ၊ မရှိ စိစစ်အကဲဖြတ်ရန် လိုအပ်ပါသည်။ ပိုင်ဆိုင်မှုကို ချမပြနိုင်သူများအား နိုင်ငံ့အနာဂတ်အတွက် မဲ မပေးသင့်တော့ပါ။
အဂတိကင်း၍ သန့်ရှင်းသော အစိုးရတစ်ရပ် ရွေးချယ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် ပိုင်ဆိုင်မှုများ ကြေညာနိုင်သော ကိုယ်စားလှယ်များနှင့် ပါတီများကိုသာ နိုဝင်ဘာ ၈ ရက်တွင် ရွေးချယ် မဲပေးကြရန် တိုက်တွန်းအပ်ပါသည်။
Crd : EMG

0 comments:

Post a Comment